9 / 10 (Uni)

108 8 0
                                    

ချိုမြိန်ရိပ်မြုံ

အပိုင်း ၉

ကျန်းရှန်းယန်၏ လက်ဖဝါးက ကော်ဖီ စားပွဲပေါ်သို့ အားပြင်းပြင်းနှင့် ရိုက်ချလိုက်ပြီး စန္ဒကူးသားမျက်နှာပြင်မှာ အက်ကွဲသွားပုံပေါ်သည်။

“မင်းရူးနေလား”

ထန်ယီက သူ့တင်ပါးအောက်တွင် ဖုန်းကို ခုထိုင်လိုက်ပြီး အေးဂျင့်အား သူ့ဖုန်းကို ယူခွင့်မပေးဘူးဟု ပြောလိုက်သည်။

ကျန်းရှန်းယန်သည် လက်တော့ပ်ကိုဖွင့်လိုက်ပြီး ထန်ယီ Weibo အကောင့်၏ စကားဝှက်ကို ပြောင်းချင်ခဲ့သည်။ သို့သော် အကောင့်ထဲဝင်ရောက်ရန် စိစစ်မှု မအောင်မြင်ကြောင်း သူတွေ့ရှိခဲ့သည်။

ထိုအရာက သူ့ကို ပိုစိတ်တိုအောင် လုပ်သည်။ အမြဲတမ်း အေးချမ်းနေသောလူသည်ပင် ထန်ယီကို အော်ဟစ်ပစ်လိုက်သည်။ “မင်းဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား”

“သိတယ်” ထန်ယီက ဂရုမစိုက်ပဲ ပြန်ပြောခဲ့သည်။

“စတူဒီယိုက အခုမှစပြီး လည်ပတ်နေတာလေ၊ ပြီးတော့ ဘာအလုပ်မှ ကောင်းကောင်းမွန်မွန် မလုပ်ရသေးဘူး၊ မင်းကတော့ ဘာအကျိုးမှ မရှိပဲ ဒီလိုမျိုးတွေ လျှောက်လုပ်နေတယ်၊ အဲ့ဒါကိုရော စဉ်းစားမိရဲ့လား”

ထန်ယီသည် သူ့လက်ချောင်းပေါ်ရှိ လက်စွပ်နှင့် ကစားနေခဲ့သည်။ ထိုလက်စွပ်မှာ ဘာအဓိပ္ပါယ်မှမရှိပေ၊ ၎င်းကို အဝတ်အစားဆင်ပေးသည့်သူက သူ့အဝတ်အစားနှင့် လိုက်အောင် တွဲဖက်ဆင်ယင်ပေးထားခြင်းသာဖြစ်သည်။

ခဏကြာမှ လေးပင်လာသော မျက်ခွံများကို မှေးလိုက်ပြီး “အစ်ကိုကျန်း၊ ကျွန်တော် နောက်ထပ်နောင်တ မရချင်ဘူး” ဟုပြန်ဖြေလိုက်သည်။

ကျန်းရှန်းယန်၏ စကားများကို နားထောင်ပြီးနောက် သူ့တစ်ကိုယ်လုံး မလှုပ်မယှက်ဖြစ်သွားပြီး ကျန့်ကျင်းယုကို လက်ပြလိုက်သည်။ တစ်ဖက်မှာ ကြောက်လန့်နေသော ကျန့်ကျင်းယုကို “မီဒီယာတွေဖုန်းခေါ်ရင် သေသေချာချာနဲ့ ကောင်းကောင်းမွန်မွန် ပြောပြလိုက်” ဟုပြောလိုက်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now