Ep - 2

211 29 0
                                    

" ကိုကို "

Seungminဟာ ထိုအသံကြောင့် မျက်နှာတည်သွားသည်။ ထိုသည်ကို မြင်လိုက်တဲ့ Yeonhwaက ခပ်ရွဲ့ရွဲ့အပြုံးဖြင့် လက်ပိုက်ကာ

" အိုး...ဒါလေးက Seungminieရဲ့ အဖေမတူ အမေကွဲညီငယ်လေးပါလား "

Yeonhwaရဲ့ ထေ့ငေါ့သံကြောင့် Hanyoonရဲ့ ကိုယ်လေးဟာ တုန်တက်သွားသည်။ သူဟာလက်ချောင်းထိပ်လေးတွေကို ဖဲ့နေရင်း မျက်နှာငယ်လေးနဲ့ Seungminအား ကြည့်လာသည်။

" ကိုကို "

Seungmin စိတ်ရှုတ်စွာ ဆံပင်တွေကို ထိုးဖွလိုက်သည်။ အိမ်မှာသာ အိမ်တော်ထိန်းကြီးပဲ ရှိတာမို့ သူနေချင်သလို နေလို့ရတာ။ အပြင်တွင်တော့ သူ့ရဲ့ချစ်လှစွာသောဖခင်ကြီးရဲ့ လူယုံတော်တွေကြောင့် Lee Hanyoonကို သူထင်သလို ဆက်ဆံ၍မရပေ။ ဟုတ်တယ် Lee Hanyoon...Kimသွေးတစ်စက်မှမပါတဲ့သူက Kim Hanyoonဘယ်ဖြစ်နိုင်မှာလဲ

အဲ့လိုကောင်ဆီ သူ့ဖခင်နဲ့ ဆုံးသွားတဲ့မိခင်ရဲ့ ပိုင်ဆိုင်မှုတွေ ရောက်သွားလို့မဖြစ်တာကြောင့် ဆက်ခံသူအတည်တကျမဖြစ်ခင် သူဟာအဖေ့ရဲ့မျက်စိအောက်တွင် သားလိမ္မာလေးလုပ်နေရအုံးမည်။

" ဘာလဲ "

သို့သော် ချိုချိုသာသာဆက်ဆံမယ်လို့တော့ မဆို။

" ဟို..Hanyoon ကိုကိုတို့ စားပွဲမှာထိုင်ချင်လို့ "

" အော် "

ထို့နောက် Seungminအပါအဝင် Minhoတို့ပါ ကိုယ့်အိတ်ကိုယ်ယူပြီး နေရာကထလာကြသည်။

" ထိုင်လို့ရပြီ "

လှည့်ထွက်ဖို့ပြင်နေတဲ့ Seungminကို ကြောင်အနေသော Hanyoonအလောတကြီး လှမ်းဆွဲလိုက်သည်။ ပြန်လှည့်ကြည့်လာတဲ့ Seungminရဲ့ ဒေါသမျက်ဝန်းတွေကြောင့် လန့်ပြီးအမြန်ပြန်လွှတ်လိုက်ရသည်။

ကိုကိုက သူ့ကိုထိတာမကြိုက်ဘူး

" ကိုကို...Hanyoonတို့က ကိုကိုတို့နဲ့ အတူထိုင်ချင်တာ "

Seungminလေပူတွေ မှုတ်ထုတ်ကာ နောက်တစ်ကြိမ် ဆံပင်တွေကိုဆွဲဖွမိသည်။ Minhoနဲ့ Hyunjinရဲ့ မျက်ဝန်းတွေဟာလည်း စိတ်မရှည်မှုတွေ ပြည့်နေပြီး Yeonhwaနဲ့ Linaရဲ့ တစ်စစီဆွဲဖြဲချင်နေသော မျက်ဝန်းများကိုလည်း သူမြင်နေရသည်။

My Love , My OmegaWhere stories live. Discover now