အဆောင်ဟောင်းAဆိုသည်မှာ အရင်က အားကစားမေဂျာသမားများအတွက် Lockerများနှင့် အဝတ်လဲခန်းများတွက် အသုံးပြုသော အဆောင်ဖြစ်ပြီး ယခုတွင်တော့ ပြန်လည်ပြုပြင်ရန်အတွက် အလွတ်ထား,ထားခြင်းဖြစ်သည်။
တိတ်ဆိတ်တဲ့ ကော်ရစ်တာတလျှောက် လျှောက်လာရင်း ထောင့်ဆုံးကျသော အခန်းထဲတွင် လူရိပ်မြင်လိုက်သောကြောင့် တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။
" လာပြီလား... "
တစ်ကိုယ်တည်း ရပ်နေတဲ့ Lee Hanyoonကြောင့် Seungmin မျက်မှောင်ကြုတ်မိသည်။ ထို့အပြင် Lee Hanyoonရဲ့ မျက်နှာနဲ့ အမူအရာဟာ ယခင်လို နူးညံ့ခြင်း၊ ချိုသာခြင်း အလျှင်းမရှိ။ မနှစ်မြို့ခြင်း၊ မုန်းတီးခြင်း၊ အထင်သေးခြင်းတို့က အစားထိုး နေရာယူထားလေသည်။
အတော်ကြာမှ ပြန်မြင်ရတဲ့ Lee Hanyoonရဲ့ မျက်နှာအစစ်ဖြစ်သည်။
messageထဲကနဲ့မတူသည့် အနေအထားကြောင့် Seungminစိတ်ထဲ မတင်မကျဖြစ်သွားသည်။
" ဘာလို့ခေါ်တာလဲ...စီနီယာBahngရော "
" အဲ့ကိစ္စပြောမလို့ပဲ "
Lee Hanyoonဟာ လက်ပိုက်ပြီး မျက်နှာကိုချီကာ စကားစလာသည်။
" အကိုChrisနဲ့ လာမပတ်သတ်နဲ့ "
Seungmin ထင်မှတ်မထားတဲ့ စကားကြောင့် မျက်ခုံးပင့်မိသည်။
" အကိုက ငါ့ကိုစိတ်ဝင်စားနေတာ အဲ့ဒါကြောင့် မဖြစ်နိုင်တာကို လက်လျှော့လိုက် "
" ဟား...မင်းရဲ့ ဦးနှောက်ကို ဘယ်နားမှာ ထားခဲ့လို့ ငါ့ကိုဒီလို ပေါက်ကရတွေ လာပြောနေရတာလဲ...ဒါမှမဟုတ် အစကတည်းက မပါတာလား "
" မင်း... "
Lee Hanyoonရဲ့ မျက်နှာဟာ ချက်ချင်းကို ရဲတွတ်သွားသည်။
" ရား "
Seungminဟာ အနားသို့လျှောက်သွားလိုက်ပြီး ဒေါသကြောင့် ကြည့်ရဆိုးနေပြီဖြစ်တဲ့ မျက်နှာကို ငုံ့ကြည့်လိုက်သည်။
" သနားကမားပုံစံလေးနဲ့ လူတွေကို မြှူဆွယ်တဲ့သူက Lee Miyoungရဲ့သားဖြစ်တဲ့ မင်းပဲဖြစ်မှာပေါ့ မဟုတ်ဘူးလား "
သူ့ရင်ဘတ်ကို တွန်းထုတ်ကာ တရှူးရှူး ဒေါသထွက်နေသူအားကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။
YOU ARE READING
My Love , My Omega
Fanfiction" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!