Ep - 4

182 29 3
                                    

" မနက်က ဘယ်လိုဖြစ်တာလဲ "

အတန်းမစခင် Hyunjinဟာ သူ့အားမေးလာသည်။

" ဘာကိုလဲ "

" မင်းစီနီယာBahngနဲ့ အတူတူလာတာလေ...ရင်းနှီးနေတာလား "

" မရင်းနှီးပါဘူး Lee Hanyoonကြောင့် ကပ်စီးလာရတာ...မင်းဖုန်းမကိုင်လို့လေ "

Seungminဟာ ပြောရင်း ဒေါသထွက်လာသည်ထင် Hyunjinအား ခေါင်းကို ဘောပင်ဖြင့် ထခေါက်လေသည်။

" ငါအိပ်ပျော်နေလို့ပါကွာ "

Hyunjinကလည်း နာသွားတဲ့ နေရာလေးကိုပွတ်ပြီး ဆင်ခြေပေးလာသည်။

" ပြောလိုက်ရင် အဲ့တိုင်းပဲ "

Hyunjinဟာ အထွန့်တက်ချင်သေးသော်လည်း ဆရာဝင်လာပြီမို့ ငြိမ်ငြိမ်လေးသာ ထိုင်နေတော့သည်။ သူနဲ့Seungminဟာ Alphaတွေမို့ တစ်ခန်းထဲဖြစ်ပြီး Linaကတော့ အခန်းမတူပေ။

***************************************

" ဟေ့...ဘယ်တွေငေးနေတာလဲ...ငါရောက်နေပြီလေ "

Jisungတစ်ယောက် အတန်းမစခင် အဆောင်အပြင်မှာ မနက်စာပေါင်မုန့်လေးကို အချိန်လုစားနေတုန်း အနားကပ်ကာ အော်လာတဲ့လူကြောင့် လန့်ကာ ကိုယ်လုံးလေးပင် တုန်တက်သွားသည်။

" အယ်...ညကလူ... "

" ဖုန်းမခေါ်ဘဲ ဘာလို့ဒီမှာ ထိုင်စောင့်နေတာလဲ "

Jisungမှာ ညကထိုသူပြောသွားသည်များကို မယုံတာကြောင့် ဒီတိုင်းမေ့ထားပင်မဲ့ ဒီလိုကျောင်းမှာ ထိတ်တိုက်တွေ့ရလိမ့်လို့ မထင်ထားပေ။

သူ့အား မုန့်လေးကိုင်ကာ ပြူးကြောင်ကြောင် ရပ်ကြည့်နေသော ကောင်လေးကြောင့် Minhoစိတ်မရှည်တော့

" ဟေ့..ငါ့အတွင်းရေးမှူး လုပ်မှာလား မလုပ်ဘူးလား "

" လုပ်..အယ်...မလုပ်...မဟုတ်ဘူး "

" မင်းခေါင်းတော့ကောင်းပါတယ်နော် "

အစီအငေါ့မတည့် အထစ်အထစ်ဖြစ်နေတဲ့ ကောင်လေးကို Minhoစိတ်ရှိလက်ရှိသာဆို နေရာမှာတင် ဖျစ်ညှစ်ပလိုက်ပြီ
ပြူးကြောင်ကြောင်လုပ်နေပုံကိုက အူယားစရာ
ဘာကောင်လေးနဲ့ တူမှန်းမသိဘူး

My Love , My OmegaWhere stories live. Discover now