Ep - 5

175 28 3
                                    

လှပသော မီးဆိုင်းကြီးများနှင့် အရောင်အသွေးစုံသော ပန်းခတ်ပန်းနွယ်များ ဝန်းရံထားသော ခန်းမကြီးဟာ လှပသောအဆင်တန်ဆာများနှင့် လူချမ်းသာတွေကြောင့် တလတ်လတ်တောက်ပနေလေသည်။

ထိုလူအများကြားတွင် အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် ပါးချိုင့်များပေါ်သည်အထိ ပြုံးရွှင်နေသော ကိုယ်လူချောဟာ ခန်းမထဲရှိ လူအားလုံးရဲ့ အကြည့်ကို ဖမ်းစားထားလေသည်။ Omegaလေးတွေဆိုရင် ခပ်လှမ်းလှမ်းက အပြုံးလေးကိုမြင်ရုံနဲ့ မျက်နှာလေးတွေရဲကာ အရှက်သည်းကုန်ကြသည်။ ထိုသို့ ဆွဲဆောင်မှု အားပြင်းနေသူကတော့ Dominant Alpha Bahng Christopher Chahnဖြစ်သည်။

Hyunjinဟာ ပွဲကိုစောရောက်နေတာမို့ စားပွဲကို ပျင်းရိပျင်းတွဲမှီကာ ဝိုင်ကိုသာ တစ်ငုံချင်းအရသာခံ သောက်နေတော့သည်။
အနက်ရောင် ဆံပင်ရှည်တွေကို နောက်သို့လှန်ကာ ဦးတည်ချက်မရှိ ပြုံးရိပ်သမ်းနေသော မျက်ဝန်းနက်များက အနားရှိလူတွေကို လုပ်ယူခြင်းမရှိ ဆွဲဆောင်နေလေသည်။

သူ့အား စကားစရန် ကြိုးစားနေသော Omegaတွေနဲ့ Alphaမိန်းကလေးများကို လျစ်လျူရှုကာ ကြာနေသော သူငယ်ချင်းရောင်းရင်းကြီးတွေကိုသာ စိတ်ထဲကနေ မေတ္တာပို့နေတော့သည်။

မကြာလိုက် လှပလွန်းတဲ့ ပန်းလေးနှစ်ပွင့်ဟာ Hyunjinနံဘေးသို့ ချဥ်းကပ်လာသည်။ အလှဂုဏ်မောက်နေတဲ့ ပန်းဘုရင်မတွေကြောင့် Hyunjinဘေးရှိ တောပန်းလေးတွေဟာ အလိုအလျောက် ဖယ်ခွာပေးကြရသည်။

" အမလေး...မောလိုက်တာ...Hyunjin နင်တစ်ယောက်တည်းလား "

စားပွဲပေါ်က ရေခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်တဲ့ Yeonhwaဟာ စောနက မော်ကြွားနေတဲ့ပန်းလေးအသွင် ကြက်ပျောက်ငှက်ပျောက်

Hyunjinက ခေါင်းသာငြိမ့်ပြလာသည်။ သူစကားပြောဖို့ပင် အတော်လေး ပျင်းနေပြီဖြစ်သည်။

Yeonhwaနဲ့ Linaလည်း ဝိုင်တစ်ယောက် တစ်ယောက်ခွက်ဆီဖြင့် ခန်းမကြီးကို မျက်စိကစားလိုက်သည်။ သူတို့နှစ်ယောကိအပေါ် သိသိသာသာရော မသိမသာရော ကျရောက်နေသည့် မနာလိုသည့်အကြည့်တွေကို လျစ်လျူရှုရင်းပေါ့

My Love , My OmegaWhere stories live. Discover now