အတန်းထဲ ပြန်သွားချင်စိတ်မရှိတာကြောင့် အိပ်ဖို့ပြင်နေတုန်း ဘေးနားတွင် ဝင်ထိုင်လာတဲ့ လူတစ်ယောက်
ရွှေဝါရောင်ဆံနွယ်ရှည်တွေက မျက်နှာသေးသေးလေးကို လှပစွာဝန်းရံထားပြီး တောက်ပတဲ့မျက်ဝန်းတစ်စုံက သူ့အားပြုံးယောင်သမ်းကာ ကြည့်လာလေသည်။ ထို့နောက် ကမ်းပေးလာသော အအေးဘူးလေးတစ်ဘူး
Seungminဟာ ယဉ်ကျေးမှုအရ အအေးဘူးကို ယူလိုက်ပင်မဲ့ လက်ထဲ၌သာ ကိုင်ထားလိုက်သည်။ ဖွင့်သောက်ရန် စိတ်မပါပေ။
ထိုရွှေဝါရောင် ဆံပင်ပိုင်ရှင် တစ်နည်းFelixကတော့ ချက်ချင်းမော့သောက်သာ အဝေးတစ်နေရာသို့ မျှော်ကြည့်ရင်း တိတ်ဆိတ်မှုကိုသာ ဖော်ဆောင်ထားသည်။
" အတန်းထဲက ကိစ္စအတွက် တောင်းပန်ပါတယ် "
ခဏအကြာ တိတ်ဆိတ်မှုကို ဖြိုခွဲလာသော Felixက စကားစလာသည်။
" မင်းတောင်းပန်စရာ အကြောင်းကိစ္စ မရှိဘူးထင်တယ် "
ထိုအခါ Felixက အပြုံးသေးလေးတစ်ခုကို ထုတ်ပြလာပြီး ခေါင်းလေးခါကာ
" သေချာပေါက် အကြောင်းကိစ္စအကြီးကြီး ရှိတာပေါ့... ငါရပ်ကြည့်နေခဲ့မိတယ်လေ "
" အဲ့မှာရှိတဲ့လူတိုင်း ရပ်ကြည့်နေခဲ့တာပဲလေ...မင်းတစ်ယောက်တည်းမဟုတ်ဘူး အထွေအထူးလုပ်မနေနဲ့.... ရပ်ကြည့်နေလို့ ငါကမင်းကို အငြိုးထားမှာမှ မဟုတ်တာ "
လာရင်းကိစ္စကို သိပြီးနောက် ထထွက်သွားဖို့ ပြင်နေသော Seungminကို Felixက အလောတကြီး လက်ဆွဲကာ တားဆီးလာသည်။
" မဟုတ်ဘူး Seungmin...ငါလိပ်ပြာမလုံလို့ တောင်းပန်တာ မဟုတ်ဘူး... ငါတကယ်....တကယ်ကို...နောင်တရတာပါ "
Felixဟာ သူပြောနေသော စကားများအတွက် အတော်လေး အားယူနေရဟန် မျက်လုံးတွေမှိတ်ကာ အသက်ဝဝရှူသွင်းပြီးမှ ဆက်ပြောလာသည်။
" သူတို့တွေ မှားနေမှန်း ငါသိတယ်...တကယ်ဆို ငါတစ်ခွန်းလောက် ဝင်ပြောလိုက်ရုံနဲ့ ပြဿနာက အဲ့လောက်ထိရောက်မသွားနိုင်ဘူး "
Felixဟာ သူ့လက်ထဲက Headphoneကို ကြည့်ကာရည်ညွှန်းလာသည်။
" ငါလည်းတကယ်တော့...သိချင်ခဲ့တာ..."
YOU ARE READING
My Love , My Omega
Fanfiction" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!