ကျယ်ပြန့်သော အဖြူရောင်Bathtubထဲရှိ ပုံရိပ်လေးဟာ သံစဥ်တို့စီးမျောရာ ဖြူသွယ်သွယ်လက်လေးက လှုပ်ရှားနေပြီး သင်းပျံ့လှသော နှင်းဆီရနံ့များကြောင့် နှုတ်ခမ်းလေးဟာ လှပသောအပြုံးကို ဖော်ဆောင်ထားလေသည်။
မျက်ဝန်းများက ကျေနပ်အားရစရာ အကြောင်းအရာများရှိနေဟန် တောက်ပစွာ ပြုံးယောင်သမ်းနေသည်။
Lee Hanyoonဟာ တစ်နာရီလောက် စိတ်ကျေနပ်ဖွယ်ရာ ရေချိုးသန့်စင်မှုအပြီး လှပစွာဝတ်စားဆင်ယင်လျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
" အမေ့သားလေး ဘာတွေပျော်စရာရှိလို့လဲ...ပြုံးရွှင်လို့ပါလား "
Lee Miyoungရဲ့စကားကြောင့် Hanyoonက ပါးလေးကုတ်ကာ ရှက်ဝဲဝဲပုံစံလေးဖြင့်
" ဒီလိုပါပဲ ကျွန်တော်ခဏနေရင် အပြင်သွားအုံးမယ်နော် "
" ဘယ်သွားမလို့လဲ "
ထိုသာမာန်မေးခွန်းကို Lee Hanyoonခေါင်းလေးငုံ့ပြီး စိုးရိမ်ကြောင်းကြနေသောအသံဖြင့် ဖြေလာသည်။
" ဟို...အကိုChrisနဲ့ အပြင်မှာ ညစာစားဖို့ ချိန်းထားလို့ "
Lee Miyoungဟာ သူမသားရဲ့အဖြေကြောင့် သဘောတကျရီကာ
" အမလေး...ကျောင်းက အစောကြီးပြန်လာပြီး အလှပြင်နေတာ ဒါကြောင့်ကို "
" အမေကလည်း... "
Lee Hanyoonဟာ ရှက်ရွံ့ကာ တားမြစ်နေသော်လည်း မျက်ဝန်းတောက်တောက်တွေရဲ့ သဘောကျနေမှုကို မဖုံးကွယ်ထားနိုင်ပေ။
************************************
Seungminသတိပြန်ရလာချိန်မှာတော့ စိမ်းသက်သော အခန်းတစ်ခုထဲ ရောက်လို့နေလေသည်။ တန်ဖိုးကြီးအသုံးအဆောင်တွေ ခြံရံထားပြီး သန့်ရှင်းသပ်ရပ်လွန်းတဲ့အခန်းဟာ သူ့အခန်းထက်ပင် ပို၍ကျယ်ပြီး အထက်တန်းစားဆန်လှသည်။ အနည်းငယ်စပ်ဖျင်းနေသော မျက်ဝန်းများကိုပွတ်ရင်း နူးညံ့အိစက်လှသော ကုတင်ပေါ်တွင် ထထိုင်ကာ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
" ဝုတ်! "
ရုတ်တရပ်အသံကြောင့် Seungminသူကျောပေးထားရာဘက်ကို လှည့်ကြည့်လိုက်မိသည်။ အသံရင်းမြစ်ကတော့ ခေါင်းအုံးအဖြူပေါ်တွင် အကျအနထိုင်ကာ သူ့အားလျှာတစ်လစ်နဲ့ ကြည့်နေပါသော အဖြူနဲ့အညိုစပ်ခွေးလေးတစ်ကောင်ဖြစ်သည်။
YOU ARE READING
My Love , My Omega
Fanfiction" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!