Ep - 6

156 28 1
                                    

အသက်ခုနှစ်နှစ်အရွယ် Seungminဟာ အရွယ်နဲ့မလိုက်သော အလှည့်အပြောင်းတွေကို တွေ့ကြုံပြီးနောက် ပြုံးရွှင်နေတတ်သော ခွေးပေါက်လေးအစား အမြဲသတိကပ်ကာ အစွယ်ပြင်နေတတ်သော ခွေးပေါက်လေးအဖြစ် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့သည်။

မိခင်ဖြစ်သူ ဆုံးပါးသွားပြီနောက် သူနဲ့ရွယ်တူကလေးတစ်ယောက်ကို လက်ဆွဲထားသည့် လှပသော အမျိုးသမီးတစ်ယောက်က သူ၏မိခင်နေရာကို မျက်စိရှေ့မှာတင် ဝင်ယူလိုက်သည်အထိ ကလေးတစ်ယောက်၏ စိတ်ဟာ အရောင်မစွန်းသေးပေ။

ဖခင်ဖြစ်သူအား ပွေ့ဖက်ကာ ချိုအီနေသောအသံဖြင့် မိခင်ဖြစ်သူ၏ ကျန်ရစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးဖို့ မတောင်းဆိုလာခင်အထိ Seungminဟာ ထိုသားအမိနှစ်ယောက်အပေါ် လျစ်လျူရှုကာ မိမိကိုယ်ကိုသာ ကောင်းသထက် ကောင်းအောင်ကြိုးစားနေခဲ့သည်။

မှတ်မိနေပါသေးသည်။ ကျောင်းမှာ သူ့အားစာခိုးချပါသည်ဟု လာစွပ်စွဲတဲ့ အတန်းဖော်ကြောင့် ငိုပြီးအမေဖြစ်သူကို ထိုအတန်းဖော်အား ဆူပေးပါရန် တောင်းဆိုတုန်းက သူ့အမေရဲ့စကားကို

" Minnie သူတို့က မဟုတ်တာ ပြောနေရင် သူတို့ကလူဆိုးပဲ...အဲ့ဒါကို သားကသူတို့အတိုင်း ပြန်တုန့်ပြန်ရင် သားလည်းလူဆိုးဖြစ်သွားမှာလေ "

" ဟင့်အင်း...Minnieလူဆိုးမဖြစ်ချင်ဘူး "

ခြောက်နှစ်အရွယ် ကလေးငယ်လေးဟာ မျက်ရည်တသွင်သွင်ဖြင့် အကြောက်အကန် ငြင်းလာသည်။

" ဒါမဲ့ သူတို့က Minnieကိုပြောတယ် "

တစ်ဖက်တွင်လည်း မကျေနပ်ချက်လေးက ရှိနေပြန်သည်။

" ဒါဆို Minnieကပိုကြိုးစားပြလိုက်...သူတို့မော်မကြည့်နိုင်တဲ့အထိ သူတို့အသံတွေ မကြားနိုင်တော့လောက်တဲ့ အမြင့်အထိရောက်အောင် ကြိုးစားလိုက်...ဒါဆိုဘယ်သူမှ သားကိုမပြောနိုင်တော့ဘူး "

" အဲ့ဒါက လူကောင်းတွေ လုပ်တာလား "

" ဟုတ်တယ်...လူကောင်းတွေက ဘယ်တော့မှ မကောင်းတဲ့အရာတွေကို လိုက်မလုပ်ဘူး ကောင်းတာတွေနဲ့ပဲ တုန့်ပြန်တယ် "

My Love , My OmegaWhere stories live. Discover now