Ep - 9

238 36 18
                                    

သုံးရက်လောက် အခန်းအောင်းပြီးနောက်မှာတော့ Seungminဟာ ပြောင်းလဲမှုကို အသားတကျမဖြစ်သည့်တိုင် အပြင်လောကကြီးကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

အိမ်တော်ထိန်း၏ နေ့တိုင်းဖုန်းခေါ်၍ တအီအီငိုသံတွေကို မခံနိုင်တော့တာကြောင့်လည်း ပါလေသည်။ အဓိကကတော့ အချိန်ပိုင်းအလုပ်ပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့ Jisungနဲ့Jeonginကို အားနာလွန်းတာကြောင့်ဖြစ်သည်။

" Seungmin မင်းခန္ဓာကိုယ်က သက်သာတာ သေချာလို့လား...ပေါင်ကဒဏ်ရာက အခုမှကျက်ခါစရှိသေးတယ်လေ "

" အဆင်ပြေပါတယ် Jisung...ပြီးတော့ ဒီနေ့ကျောင်းကနေ အိမ်ပဲပြန်လိုက်မယ် "

အိမ်ပြန်မယ်ဆိုသော စကားကြောင့် Jisungရော Jeonginပါ မျက်နှာပျက်သွားတာကြောင့် သူပြုံးလိုက်မိသည်။

လောကကြီးက အဆုံးစွန်တော့ သူ့အပေါ် မရက်စက်ထားပုံရသည်။

" ငါဒီနေ့မှမပြန်ရင် အိမ်တော်ထိန်းကြီး အိပ်ယာထဲလဲတော့မှာ "

" ဟုတ်ပါပြီ ဒါမဲ့ကျောင်းကို တစ်ယောက်တည်း သွားလို့အဆင်ပြေပါ့မလား ငါနဲ့Jeonginက အလုပ်သွားရမှာမို့ မင်းနဲ့အတူတူလိုက်ပေးလို့မရဘူးလေ နောက်လည်းကျအုံးမှာ "

ထိုစကားကြောင့် Seungminဟာ ခပ်သာသာလေးရီလာသည်။

" ငါဆရာတွေရဲ့ ရုံးခန်းကိုတော့ သွားတတ်ပါသေးတယ်ကွာ "

" ဒါမဲ့ မင်းအတန်းတွေ အကုန်ပြောင်းရတော့မှာလေ ပြီးတော့ အတန်းထဲမှာ ဟိုတစ်ယောက်က ရှိနေအုံးမှာ "

Jeonginဟာ Seungminစကားအား လက်မခံလိုဟန် ဝင်ပြောလာသည်။

" Seungmin... "

Jisungက သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရေးကြီးသော အရာတစ်ခုကို ပြောတော့မဲ့ မျက်နှာအနေအထားကြောင့် Seungminငြိမ်ငြိမ်လေးသာ နားစွင့်နေလိုက်သည်။

" Lee Hanyoonက Omegaတွေအတန်းမှာ ထင်ထားတာထက် ပိုအရေးရောက်တယ်... သူ့တစ်ခွန်းပြောလိုက်တာနဲ့ တစ်တန်းလုံးက အဲ့ဒါကို မျက်လုံးစုံမှိတ် နားထောင်တတ်ကြတယ် ငါပြောချင်တာကို သိတယ်မလား "

My Love , My OmegaWhere stories live. Discover now