" အဲ့ကောင် ဘယ်မှာလဲ "
ဆေးပေးခန်းထဲ ဝုန်းဒိုင်းကြဲဝင်လာတဲ့ လူကြီးကြောင့် Dr.Kang Donghyukမှာ တား၍ပင် မမှီလိုက်
ခွပ်!
" Minnie! "
ပူထူသွားတဲ့ ပါးတစ်ဖက်က နာကျင်မှုဟာ မပြောပလောက်ပင်မဲ့ Seungminရဲ့ မျက်ဝန်းတို့ဟာ အရည်လဲ့သွားပြီး လက်သည်တရားခံ ဖခင်ဖြစ်သူကို လဲကျနေရာမှ မော့ကြည့်မိသည်။
" မင်း!...မင်းကို ငါဘယ်လို ပျိုးထောင်ခဲ့လို့ ဒီလိုကိစ္စမျိုးကို...ဟာကွာ.... "
မျက်နှာများ နီရဲကာ စကားဆက်မပြောနိုင်လောက်အောင် Kim Taejongဟာ ဒေါသထွက်လို့နေသည်။ သူ့နောက်တွင်တော့ ရင်ဘတ်တဖိဖိနဲ့ မျက်ရည်သုတ်လိုက် တရှုံ့ရှုံ့ငိုလိုက်နဲ့ Lee Miyoungရှိနေပြီး Lee Miyoungကို တွဲထားတဲ့ မျက်နှာငယ်လေးနဲ့ Lee Hanyoonရှိသည်။
" Alphaတစ်ယောက်ဖြစ်ပြီး တခြားAlphaတစ်ယောက် အတွက်နဲ့ ဒီလောက်ရွံ့စရာကောင်းတဲ့ ကိစ္စကို လုပ်ရအောင် မင်းမရှက်ဘူးလား...တောက်! "
" ဦးလေးအဲ့ဒါ ဘာစကားလဲ "
Minhoဟာ Seungminကို ထူပေးနေသော Yeonhwaနဲ့ ဒေါက်တာကို ကြည့်နေရင်းက အထူးအဆန်းစကားကြောင့် ဖြတ်မေးလိုက်သည်။ သူဟာ ဒေါသထွက်နေတာကြောင့် စကားက ယဉ်ကျေးမှုတော့ ရှိမနေ။
" ဟင့်...Seungminလေးက Bahngမိသားစုက သခင်လေးကို သဘောကျပြီး ဒီလိုရူးမိုက်တာမျိုး လုပ်မိတာတဲ့လေ "
Lee Miyoungရဲ့ စကားကြောင့် Minhoတို့အားလုံး Lee Hanyoonကို လှည့်ကြည့်မိကြသည်။
" နင်တော်တော် ယုတ်မာတာပဲ "
Yeonhwaက ဒေါသမထိန်းနိုင်ဘဲ နောက်မှာရပ်နေတဲ့ Lee Hanyoonကို လက်ရွယ်လိုက်ချိန် သူမအားတားဆီးလာသည့် လက်တစ်ဖက်
" Minnie "
Yeonhwaဟာ သူမအား တားဆီးလာသော Seungminက ခပ်သာသာ ခေါင်းလေးခါပြလာတာကြောင့် စိတ်လျှော့လိုက်သည်။
" အဲ့စကားကို ယုံလား "
Seungminဟာ Kim Taejong၏ မျက်ဝန်းများကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။
ထိုအခိုက် Kim Taejong၏ မျက်ဝန်းများက အနည်းငယ် နူးညံ့သွားသည်။ တကယ်ကို ခဏလေးပဲဖြစ်သည်။
YOU ARE READING
My Love , My Omega
Fanfiction" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!