"ငွေပင်လယ် လက်ပစ်ကူးမလားလို့ ချစ်နှမလေးရယ် ကိုယ်ကဆိုရင် "
ပါးစပ်ထဲရှိရာလိုက်ဆိုနေသော ချန်းယောင်းတစ်ယောက် မနက်ကတည်းကနေ လေဆိပ်မှာလာစောင့် နေခဲ့တာဖြစ်လေသည်။နှစ်သစ်ကူးပိတ်ရက်ရောက်လာပြီဖြစ်သောကြောင့် ရွာပြန်ပြီး အနားယူရန်ပြင်ဆင်ထားသမျှ သင်တန်းက အသိအစ်ကို၏ကူညီပါဦးငါ့ညီရယ်စကားကြောင့် သူ့ဒုက္ခကချန်းယောင်း ဒုက္ခဖြစ်လာခဲ့ပေသည်။
ချန်းယောင်းတစ်ဖြစ်လဲ မိုးဝသန် ဆိုသည့်ကျွန်တော်ဟာ ကိုရီးယားမြန်မာကပြားတစ်ယောက်ဖြစ်ပေသည်။အများစုကမိုးဝသန်အဖြစ်သာခေါ်ကြပြီး မြန်မာမှာပဲကြီးပြင်းခဲ့တာဖြစ်သောကြောင့်
အီချန်းယောင်းဟူသောမျိုးရိုးနာမည်က
အမေတဖွဖွခေါ်နေ၍သာမမေ့ခြင်းဖြစ်လေသည်။အခုလဲနာမည်ကဒ်ပြားကိုင်ပြီးလာစောင့်နေရသည်မှာကိုရီးယားလူမျိုးတစ်ယောက်ကို ဖြစ်ပေသည်။အစ်ကို နွေဦးမောင်ကသူ့လက်ခံထားတဲ့ဧည့်သည်ကို သူ့ဇနီးကကောက်ကာငင်ကာကြီး မီးဖွားဖို့အရေးဆေးရုံတင်လိုက်ရသည်မို့ ကိုရီးယားစကားကျွမ်းကျင်တဲ့ ကျွန်တော်ကပဲ အလိုလိုသူ့တာဝန်ကိုလွှဲယူလိုက်ရလေသည်။
အခုလဲရန်ကုန်မြို့ကြီးမှာမနေချင်လို့ နားအေးအောင်ရွာပြန်ပြီး အနားယူဖို့ကြံထားသော်လည်း ဧည့်သည့်ဖြစ်တဲ့ ကိုယ်တော်လေးကအရေးကြီးကိစ္စကြောင့် ဆိုကာလေယာဉ်ချိန်ပြောင်းလိုက်ရပေသည်။ထိုအကြောင်းကြောင့် ချန်းယောင်းမှာအကြာကြီးထိုင်စောင့်လိုက်ရတော့ပေသည်။
အရင်ကတည်းက စိတ်ကလဲဆက်သည့်အပြင် အချိန်ကိုမလေးမစားလုပ်တဲ့သူကြောင့် မျက်နှာကခါတိုင်းထက် ခက်ထန်နေပေသည်။ဖုန်းဆက်ပြီးအစ်ကိုနွေဦးမောင်ကို မကျေမနပ်လှမ်း ပြောရအောင်လည်းမရီးရဲ့ အော်သံတွေကြားလိုက်ရတာနဲ့တင် စကားလုံးတွေကိုမြိုချကာဖုန်းကိုအမြန်ချလိုက်ရလေသည်။
"Hi .....အီချန်းယောင်း...ဟုတ်ပါတယ်နော် "
နာမည်ကဒ်ပြားကိုတစ်လှည့် လူကိုတစ်လှည့် အကြိမ်ကြိမ်စစ်ကြည့်နေသော အရှေ့ကဧည့်သည့်ကြောင့် ချန်းယောင်းဖုန်းကိုကြည့်နေရင်း မှ ခေါင်းညိတ်ပြမိလိုက်သည်။တစ်မနက်လုံးအကြာကြီးစောင့် ထားရတာမို့ ချန်းယောင်းရဲ့မျက်နှာကြောကလဲ ခပ်တင်းတင်းပင်။ဖြစ်နိုင်ရင် စကားတောင်ပြောချင်တော့တာမဟုတ်။