💦💦မိုး{11} 💦💦

175 19 18
                                    

အရက်နံ့အပြင် ဟောင်ဟိန်းထနေသောထန်းရက်အနံ့များကြောင့် ချန်းယောင်းနှာခေါင်းရှုံ့လိုက်မိပေသည်။ဒီကြားထဲအသည်းအသန်ဖုန်းကို ထရှာနေသောအမူးသမားလေးကိုလည်း လဲမကျအောင်ထိန်းလိုက်ရသေး၏။တကယ်‌ တော့ ချန်းယောင်းရောက်ကတည်းက အမူးသမားနှစ်ယောက်ကို စောင့်ကြည့်နေခဲ့တာဖြစ်လေသည်။







ပတ်ဝန်ဘင်းကတော့ တစ်ချက်လောက်လှည့်ကြည့်လာပြီး မိမိအတင်းကိုပေါ်တင်ပြောနေရုံကလွဲ ဘေးနားမှာရပ်နေတဲ့လူကိုမမြင်ချင်ယောင်ဆောင်နေလေ၏။ဒီကြားထဲသူ့‌ ခေါင်းကို အာကာကလှမ်းကိုင်‌
မည့် အချိန်တွင် ချန်းယောင်းမှာ အသည်းအသန် အာကာလက်ကိုဆွဲတားလိုက်ရ သော်လည်း
အမူး သမားလေးကတော့ ခေါင်းကိုယမ်းကာ‌ ရှောင်သွား လေသည်။







ဖုန်းကိုဇောက်ထိုးကြည့်နေပြီး သူ့ပုံသူပြန်မမြင်ရသောဝန်ဘင်းကြောင့် ချန်းယောင်းမှာကိုယ့်ခေါင်းကိုသာကိုယ်ပြန်ရိုက်လိုက်မိတော့၏။ဘယ်လောက်တွေတောင်သောက်ထားလဲ မခန့်မှန်းနိုင်တော့ပေ။ယိုင်လုလု ဝန်ဘင်းကို အသာလေး ဖမ်းထိန်းမိ သည်နှင့် ဝန်ဘင်းကမျက်မှောင်ကြုတ်ကာ ပြန်ကြည့်လာပြီး နှုတ်ခမ်းကနေလဲပွစိပွစိစကားတွေရေရွတ်နေသေးပေသည်။







"မထိနဲ့ ။......ဖယ်စမ်းပါ ။......ငါ့အသားကိုမထိပါနဲ့ဆို ။မင်းကဘယ်သူမို့လို့ ငါ့အသားကိုထိချင်တိုင်း လာထိနေရတာလဲ ။အေ့....ပတ်ဝန်ဘင်းတဲ့ တစ်ဘင်းပဲရှိတယ် ။
ဖယ်စမ်း .... "


စကားလုံးတွေမပီပြင်သော်လည်း ဖမ်းထိန်းပေးလာသူကို ရအောင်ရုန်းထွက်နေလေ၏။သူ့ခါးကိုဖက်ကာဆွဲထားသည်မို့ အသည်းအသန်ရုန်းကာ အာကာဆီလည်းလက်လှမ်းနေသေးပေ၏။လက်ကိုလွှတ်ချမိရင်ပတ်ဝန်းဘင်းတစ်ယောက်မြေကြီးနဲ့မျက်နှာမိတ်ဆက်ဖို့ကရာနှုန်းပြည့်သေချာလျက်ရှိပေသည်။






"ဘယ်လိုဖြစ်နေတာလဲ ပတ်ဝန်ဘင်း ......ငြိမ်ငြိမ်နေစမ်းပါ။ ပြုတ်ကျလိမ့်မယ်"


ချန်းယောင်း၏အသံကဟိန်းထွက်လာသည်နှင့် အမူးသမားလေးက ခေါင်းပြန်မော့ကာမျက်မှောင်ကြုတ်လျက် မကျေနပ်စွာ လှည့်ကြည့်လာပေသည်။အကြည့်တွေကအစစူးရှနေပြီး နှုတ်ခမ်းကိုလည်းထော်ထားသေးပေ၏။





💦💦မိုး (Rain)💦💦Where stories live. Discover now