💦💦မိုး{3}💦💦

165 11 3
                                    

💦မဟာသင်္ကြန်အကျနေ့💦


တီတီဆက်တိုက်မြည်နေသည်နှိုးစက်သံကြောင့်
ဝန်ဘင်းလက်ကနေ အလိုအလျောက် ဖုန်းရှိမည့်နေရာကိုလျှောက်စမ်းနေမိပေသည်။ဖုန်းကိုတွေ့သည်နှင့် မဖွင့်ချင်ဖွင့်ချင်သောအိပ်ချင်မူးတူးမျက်ဝန်းတွေကိုအတတ်နိုင်ဆုံးဖွင့်ကာကြည့်လိုက်မိလေသည်။မနက်၆:၃၀ရှိနေပေပြီ။အရင်လိုအကျင့်အရဆို အိပ်ရာထဲလှဲနေဦးမည်ဖြစ်သော်လည်း သူများအိမ်ကိုရောက်နေသည်ကိုသတိရမိလိုက်သည်နှင့် လူကအလိုလိုသတိအနေအထားဖြစ်သွားမိပေသည်။





အိပ်ရာထဲကနေ ကုန်းရုန်းထလိုက်ပြီး ကိုယ်ကို အညောင်းပြေအကျောဆန့်လိုက်မိပေသည်။ဘေးနားကအိပ်ရာကခေါက်သိမ်းထားသည်ကိုတွေ့လိုက်ရသောကြောင့် ချန်းယောင်းကအိပ်ရာထသွားသည့်ပုံပေါ်ပေသည်။လုပ်နေကျအတိုင်းမနက်ခင်းလေ့ကျင့်ခန်းတစ်ချို့လုပ်ပြီးသည်နှင့် အိမ်နောက်ဖေးဘက်ကိုသာထွက်လာလိုက် လေသည်။ဝန်ဘင်း ကိုယ်လက်သန့်စင်ပြီးသည့်အထိ ချန်းယောင်းကိုအရိပ်ပင်မမြင်ရ သေးပေ။






"သားနိုးပြီလား ။ချန်းယောင်းလေးကပြန်တော့မရောက်သေးဘူး။ဒီနားကအနီးဆုံးမြို့ကိုသွားမယ်ပြောတယ် ။မနက်စာစားတော့မလားသား "

ဝန်ဘင်းချက်ပြုတ်နေသည့် အန်တီကိုကူညီချင်သော်လည်း ကိုယ်တိုင်ကခေါက်ဆွဲတစ်ခုသာကောင်းကောင်းပြုတ်တတ်သည်မို့ ထမင်းစားပွဲပေါ်မှာဝင်ထိုင်ကာ ဒီအတိုင်းလေးသာငေးကြည့်နေရုံပဲတတ်နိုင်လေသည်။ထိုစဉ် အိမ်ရှေ့ကနေ ဘဲလ်ပေးလာသည့် အသံနှင့်အတူ ဆိုင်ကယ်အင်ဂျင်သံကိုပါကြားလိုက်ရသည်မို့ ဝန်ဘင်းနှင့် အန်တီအကြည့်ချင်းဆုံသွားမိပေ၏။






"သားငယ်ပြန်ရောက်ပြီထင်တယ် "

အန်တီပြောသလို ဝန်ဘင်းလည်း ချန်း‌ ယောင်း ပြန်လာပြီဟု ထင်မိ၏။ဝန်ဘင်းလည်း အန်တီနှင့်အတူ အိမ်ရှေ့ကိုသာအလျင်စလိုထွက်လာမိပေသည်။





ချန်းယောင်း ဆိုင်ကယ်ဦးထုပ်ကိုအမြန်ချွတ်လိုက်ပြီး နဖူးပေါ်ဝဲကျနေသောဆံစတွေကိုလက်ဖြင့်သပ်တင်လိုက်မိ၏။အမေနှင့်အတူ အလျင်စလိုထွက်လာသောလူကြောင့် ချန်းယောင်းခြေလှမ်းတွေရပ်တန့်သွားမိပေသည် ။အိပ်ရာနိုးခါစမို့ထင် မျက်ဝန်းတွေကအနည်းငယ်ဖောင်းနေသော်လည်း တောက်ပရွှန်းလဲ့နေပေသည်။






💦💦မိုး (Rain)💦💦Where stories live. Discover now