"ဒီပါးစပ်လေးက မုသားဆိုတဲ့နေရာမှာလည်းနာမည်ကြီးပဲမလား။ကျွန်တော်ကိုလည်းချစ်တယ်လို့ပြောပြီး သူ့ကိုလည်းဒီနှုတ်ခမ်းပါးလေးကနမ်းခြိုက်နေခဲ့တာလေ ...."နှုတ်ခမ်းအပေါ်ကိုလက်ညိုးလေးနဲ့ခပ်ဖွဖွထိကာပြောလာသောမောင့်အကြည့်တွေကစူးရဲနေလေ၏။မသိရင် တစ်ကိုယ်လုံးကိုကိုက်ဖောက်တော့မတတ်ဆာလောင်နေသည့်သားရဲတစ်ကောင်အလား ကျားတစ်ကောင်ကဲ့သို့ မာန်ဟုန်ပြင်းထန်နေသည်ဟု
ဝန်ဘင်းခံစားလိုက်ရပေသည်။မောင့်အကြည့် တွေကိုရင်ဆိုင် နိုင်ဖို့ကြိုးစား နေမိသော်လည်း တဖြည်းဖြည်းမြန်ဆန်လာသည့် ကိုယ့်ရင်ခုန်သံတွေကိုကား ထိန်းချုပ်ထားလို့မရနိုင်ခဲ့ပေ။"ဘာလို့လိုက်မရှာခဲ့ရတာလဲဟမ်။ချစ်တယ်ဆို ig accountလောက်ပဲဖြစ်ဖြစ် လိုက်ရှာခဲ့ရမှာပေါ့ ။ဟက်.....လိမ်တဲ့ပတ်တဲ့နေရာမှာတော့ ခင်ဗျားက ဆရာတစ်ဆူပဲနော်..."
မောင့်ဆီကထွက်ပေါ်လာသောတိုးဖွဖွလေသံနှင့်အတူ နီးကပ်လာသောကိုယ်အနေအထားကြောင့် ဝန်ဘင်းကမနေတတ်စွာအနောက်ကိုဆုတ်ဖို့ကြိုးစားလိုက်မိပေသည်။မိမိမျက်နှာကိုခပ်ဖွဖွထိတွေ့နေသောမောင့်လက်ချောင်းလေးတွေကအငြိမ်မနေပဲ ပါးကိုပါခပ်ဖွဖွ ဆွဲဖျစ်လာ လေသည်။ဝန်ဘင်းကသူ့အကြည့်တွေကိုရှောင်နေမိပေမဲ့မောင့်ကကြိုက်ပုံမရပဲ မေးဖျားကိုဆွဲ မော့ကာအကြည့်ချင်းဆုံစေပေသည်။
ညို့ငင်နေသောမောင့်မျက်ဝန်းတွေကစူးရှနေသည့်အလား။ လှုပ်ရှားသွားသောမောင့်နှုတ်ခမ်းတွေကဆိုးဆေးမကူဘဲ နီသွေးခြယ်နေလေ၏။လှုပ်ရှားသွားသည့်လည်ဇလုပ်နဲ့အတူ မောင့်လည်တိုင်ဖြူသွယ်သွယ်ကလာကိုက်လှည့်ပါဟု ဝန်ဘင်းကို စိန်ခေါ်နေသလို ခံစားနေရပေသည် ။စိတ်မနိုင်သဖြင့် ဝန်ဘင်းမှာအမြန်မျက်လွှာကို ချလိုက်မိတော့ပေသည်။မဟုတ်ရင် ဝန်ဘင်းဘက်ကစိတ်မထိန်းနိုင်ပဲ ဆွဲနမ်းမိတော့မှာ ကျိန်းသေသလောက်ရှိနေပေပြီ။
နှာသီဖျားဆီတိုးဝင်လာသည့် မောင့် ကိုယ်သင်းနံ့ ကအရင်ဆွတ်နေကျရေမွှေးရနံ့မဟုတ်ဘဲ လန်းဆန်းစေသည့်လာဗင်ဒါရနံ့ ခပ်ဖျော့ဖျော့ကိုထုတ်လွှင့်နေ လေသည်။တဖြည်းဖြည်းစီးဆင်းလာသည့် မိုးစက်တွေကဝရန်တာကနေ တစ်ဆင့် ဝန်ဘင်းတို့ နှစ်ယောက်ဆီ လွင့်စင်လာခဲ့ပေ၏။မိုးစက်မိုးမှုန်များကလာရောက်ထိခတ်နေသော်လည်း နှစ်ဦးသားမှာအကြည့်မလွှဲနိုင်ဘဲ အချင်းချင်းငေးကြည့်မိလျက်သားရှိနေပေသည်။