"ဖြည်းဖြည်း ကလေး"
ဂရုတစိုက်တွဲနေရင်းမှ ချန်းယောင်းကယူဂျင်းကိုစိတ်ပူစွာပြောလိုက်မိပေသည်။နံရံထောင့်ကခလုတ်ကိုနှိပ်လိုက်သည်နှင့်အိမ်ရှေ့ခန်းကမီးများလင်းလက်သွားလေသည်။ဖိနပ်စင်ကနေငါးလေးနှစ်ကောင်ခေါင်းချင်းဆိုင်နေသောအိမ်စီးဖိနပ်လေးကိုထုတ်ယူကာယူဂျင်းရှေ့ချန်းယောင်းကချပေးလိုက်ပေ၏။
ယူဂျင်းကချန်းယောင်းထိန်းကိုင်ပေးထားသဖြင့်ဝတ်လာသည့်ရှုးဖိနပ်ကိုသက်သောင့်သက်သာဖြစ်စွာချွတ်လိုက်ပေသည်။အဆင်သင့်ချထားပေးသောငါးဖိနပ်လေးကိုစီးကာရင်းနှီးနေသည့်ဧည့်ခန်းထဲကိုပိုင်ရှင်ရဲ့အကူအညီမပါဘဲထော့နဲ့ထော့နဲ့ဖြင့် ဖြည်းဖြည်းချင်းလမ်းလျှောက်သွားလေ၏။
ခြေထောက်နာနေသည့်သူကိုမတွဲဘဲဒီအတိုင်းလွှတ်လိုက်သဖြင့် နောက်ဆုံးမှာရပ်နေရသည့်ဂျွန်ယောင်းမှာရတက်မအေးစွာမိမိခြေထောက်ကဖိနပ်ကိုအလျင်စလိုချွတ်လိုက်မိပေသည်။သူ့ဖိနပ်စင်မှာလည်း ဖိနပ်အပိုမတွေ့ရသဖြင့် မိမိစီးလာသည့်ဖိနပ်ကိုသာထောင့်ဘက်ကိုကန်ထုတ်လိုက်မိပေ၏။အရှေ့မှာမိုးတိုးမတ်တပ်ရပ်နေသည့်ဝန်ဘင်းကိုတွန်းလိုက်မိကာဖြစ်သလိုအရှေ့ကိုကျော်တတ်လိုက်မိပေသည်။တရွေ့ရွေ့သွားနေသည့်ကောင်ငယ်လေးနောက်ကိုသာအလျင်စလိုပြေးလိုက်သွားမိပေ၏ ။အနောက်မှာဘာတွေဖြစ်ကျန်ခဲ့သလဲထက်ထော့နဲ့ထော့နဲ့သွားနေသည့်အကောင်ပေါက်ကပိုအရေးကြီးပေသည်။
"What the fuck!"
ရုတ်တရက်ကြီးအတွန်းခံလိုက်ရသဖြင့်
ဝန်ဘင်းမှာဖိနပ်ချွတ်ဖို့ပြင်နေသော်လည်း အရှေ့ဘက်ကိုယိုင်သွားမိ လေသည်။အလျင်စလိုထွက်သွားသည့်ဂျွန်ယောင်းကသူနဲ့မဆိုင်သလိုကျော်တတ်သွားကာ
ယူဂျင်းနောက်ပြေးလိုက်သွားပေ၏။ဝန်ဘင်းမှာဖိနပ်ပေါက်နေသဖြင့်ခြေထောက်ကအရည်ကြည်ဖုများပေါက်သွားသလားတောင်အောက်မေ့မိပေသည်။စိတ်ကမကြည်သဖြင့်ပိုဆိုးပေ၏။ဆဲချင်စိတ်ကအလိုလိုသွေးထဲကနေ တောင့်တကာပေါ်ထွက်လာတော့ပေသည်။