💦💦မဟာသင်္ကြန် အတတ်နေ့ 💦💦ဝန်ဘင်း အိပ်ရာထက်တွင် လူးလိမ့်ရင်း ဘေးဘီကို လက်ဖြင့် စမ်းကြည့်မိလိုက်ပေသည်။အေးစက်နေသောအထိအတွေ့က ကိုယ်ငွေ့အပူချိန်လေးကိုတစ်စွန်းတစ်ပင်ရှာမတွေ့ခဲ့မိပေ။ဝန်ဘင်း အိပ်ချင်မူးတူးဖြင့်ထထိုင်လိုက်မိကာမျက်နှာပေါ်ဝဲကျနေသောရွှေအိုရောင်ဆံစတွေကိုသပ်တင်လိုက်မိပေ၏။ဘေးကနေရာလွတ်ကို တစ်ချက်စိုက်ကြည့်ရင်း ဘယ်ကတည်းကထသွားလဲမသိရသောချန်းယောင်းကို မသိစိတ်ကအလိုအလျောက်လိုက်ရှာနေမိ ပေသည် ။
"သား ....နိုးနေပြီလား "
စားပွဲပေါ်မှာ စားစရာတွေလာချရင်းမေးလာသော
အန်တီကြောင့် ဝန်ဘင်းကပျာကယာအိပ်ရာထဲမှထကာခြင်ထောင်ကိုဖြုတ်လိုက်မိပေသည်။စောင်ကိုတော့ ချန်းယောင်းကခေါက်သွားခဲ့လေသည်။ဝန်ဘင်းမိမိကိုစိုက်ကြည့်နေသောအန်တီကြောင့် ခြင်ထောင်ကိုခေါက်နေရင်းလက်တွေပင်ချော်မိတော့ပေသည်။အန်တီဆီကရယ်သဲ့သဲ့သဲ့ကြားလိုက်ရသောကြောင့် ဝန်ဘင်းမျက်နှာပင် ဘယ်နားထားရမလဲမသိဖြစ်သွားမိ၏။"သားကမနက်အိပ်ရာထချိန်တောင်ချောသားပဲ။အနုပညာရှင်ပီသတယ်။အင်းဘယ်လိုပြောရမလဲ တစိမ့်စိမ့် ထိုင်ကြည့်ချင်စရာလေး "
အန်တီစကားကြောင့် ဝန်ဘင်းမျက်နှာမှာပိုပြီးနီရဲလာတော့ပေ၏။အန်တီဘယ်ကတည်းကနိုးနေပြီး ဘာတွေမြင်သွားသေးလဲ ဝန်ဘင်း အနေ ဖြင့် မတွေးနိုင်တော့ပေ။သူ့အိမ်ပေါ်တတ်နေပြီး သူ့သားကိုကြံနေသည်ကအတော်တော့ မျက်နှာပြောင်တိုက်လွန်းရာကျပေသည်။
သို့သော်လည်း တစ်ဖက်လူက အီချန်းယောင်းဖြစ်နေသောကြောင့် ဝန်ဘင်း မှာ
စိတ်မကစားဘဲ ဘယ်လိုမှမနေနိုင်တော့ပေ။
အီချန်းယောင်းလိုနူးညံ့သည့်ကလေးကဘယ်သူမဆိုထိတွေ့ပိုင်ဆိုင်ချင်ကြသည်ချည်းသာ။ထို့ကြောင့်
ဝန်ဘင်းအနေဖြင့်လွန်သည်ဟု မခံစားရပေ။"အန်တီထင်လို့ပါ။ကျွန်တော်ကအဲ့လောက်ကြီး မဟုတ်ပါဘူး။ကျွန်တော်အဖွဲ့ထဲမှာဆို ကျွန်တော်ထက်အများကြီးပိုချောတဲ့မန်ဘာတွေတောင်ရှိပါတယ်။ဒီအတိုင်း ကျွန်တော်က နည်းနည်းလေးကြည့်ကောင်းနေရုံပါ "