"အရင်ကတွေးခဲ့ဖူးတာက ငါလေမောင့်ကိုသေချာပေါက်မေ့နိုင်ပြီး သာမန်ယောက်ျားလေးတွေလို အချိန်တန်မိန်းမယူ၊သမီးလေးဒါမှမဟုတ်သားလေးနဲ့အတူဘဝကြီးကိုပျော်ရွှင်စွာနေသွားမယ်လို့ ငါအမြဲတွေးခဲ့ဖူးတာ။အဲ့တာကြောင့်လည်း မောင်နဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုလိုက်လဲမရှာခဲ့သလို မေ့နိုင်အောင်လည်းကြိုးစားခဲ့မိတယ်။မောင်မရှိလည်းနေနိုင်တာပဲလို့ငါကထင်မှတ်ခဲ့တာလေ"
ဝန်ဘင်းအနေနဲ့ဒီစကားတွေကိုမောင့်ကိုထုတ်ပြောပြဖြစ်လိမ့်မည်ဟုတစ်ခါမှတွေးတောင်မတွေးခဲ့ဖူးပေ။ဒီရက်ပိုင်း အလုပ်ကြောင့်ရောအချစ်ရေးကြောင့်ပါလူရောစိတ်ပါပင်ပန်းလွန်းလှပေပြီ။တစ်ခါတစ်လေတော့ ဝန်ဘင်းလည်း တစ်ခြားသူတွေလို ရိုးရှင်းသည့် အချစ်စစ်တစ်ခုကိုသာတောင့်တမိပေသည်။
"အခုလည်း နောက်မကျသေးပါဘူး။ခင်ဗျားရဲ့အချစ်အတွက်ပြန်ပြင်လို့ရပါသေးတယ်။ကျွန်တော်ကိုအားမနာပါနဲ့။ခင်ဗျားရဲ့ချစ်သူကောင်မလေးနဲ့ ခင်ဗျားဖြစ်ချင်ခဲ့တဲ့အတိုင်း အကောင်အထည်ဖော်နိုင်မှာပါ။ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားသာပျော်ရွှင်မယ်ဆို ကျွန်တော်ကိုထည့်မတွက်လည်းရတယ် "
လက်ထဲကမသင့်တော်တဲ့အဝတ်တွေကိုပြန်ထည့်လိုက်ရင်း မိဇင်လက်ဆောင်ပေးထားသည့်ဖလန်ထည်အပြာကွက်လေးကိုသာဆွဲယူလိုက်မိပေသည်။တကယ်ဆို ချန်းယောင်းဘဝမှာဘယ်အရာတွေကမှားယွင်းနေခဲ့သလဲကိုသေချာမသိတော့ပေ။သူထားခဲ့တုန်းကလည်း ချန်းယောင်းမှာအထွဍ်တတ်ပိုင်ခွင့်မရှိခဲ့သလို ယခုတစ်ခါအတူပြန်ရှိနိုင်ဖို့ နည်းလမ်းပြောင်းကာကြိုးစားပြန်တော့လည်း ဘာတစ်ခုမှချောမွေ့နေခဲ့ခြင်းမရှိပေ။တကယ်ကိုချန်းယောင်းလည်း စိတ်ပင်ပန်းရသလို ကိုယ်မရှိတော့ရင်အားလုံးပြေလည်သွား လေမလားခဏခဏတွေးမိလေသည်။
"မောင် ...တစ်ခုခုဆို ငါ့ကိုအရင်မလွှတ်ချပါနဲ့ ။ငါကပစ္စည်းတစ်ခုမဟုတ်ဘူးလေ။တစ်ခါတစ်လေတော့ မောင့်ဘက်ကနေ ငါ့ကိုမသွားပါနဲ့လို့ တောင်းဆိုလို့ရတယ် ။မင်းစိတ်ထဲငါကယုံကြည်ချင်စရာမကောင်းခဲ့ရင်တောင်မောင်ရယ် ငါလည်းအသွေးအသားတွေနဲ့တည်ဆောက်ထားတဲ့သာမန်လူတစ်ယောက်ပါပဲမောင်။ ငါလည်းကိုယ့်ချစ်ရတဲ့သူကိုဆုံးရှုံးရမှာကိုသေမတတ်ကြောက်တတ်ပါတယ် ။ငါလည်း မောင့်ကိုဆုံးရှုံးရမှာကြောက်ခဲ့ဖူးပြီး မောင်ကမေ့လိုက်ပါတော့လို့ပြောလာမှာကိုကြောက်လို့ မပြောဖြစ်ခဲ့တဲ့စကားတွေလည်းအများကြီးပဲမောင် "