💦💦မိုး {14}💦💦

164 17 24
                                    

🪄🪄နှစ်ဆန်းတစ်ရက်နေ့🪄🪄


မီးအလင်းကိုမြှင့်လိုက်သည်နှင့် အခန်းပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားလေသည်။ချန်းယောင်း အိပ်ချင်မူးတူးမျက်ဝန်းတွေကို လက်ဖြင့်ခပ်ဖွဖွပွတ်သပ်မိကာအညောင်းပြေအကျောဆန့်လိုက်မိပေသည်။လက်ကနာရီကိုငုံ့ကြည့်မိတော့မနက်၄:၅၀ဖြစ်နေပေပြီ။နာရီကိုငုံ့ကြည့်ရင်း ချန်းယောင်း
စိတ်တွေက   လေးဖင့်နေပေသည်။ဘာလိုလိုနဲ့ ဒီနေ့ကနှစ်ဆန်းတစ်ရက်နေ့ပင်။ပြီးတော့အချိန်ကစတင်ပြီးလေးနာရီနဲ့ငါးဆယ့်သုံးမိနစ်စွန်းစွန်းကုန်လွန်ခဲ့လေပြီ။







ဘေးနားမှာအိပ်ပျော်နေသောချစ်ရသူကိုချန်းယောင်း ငုံ့ကြည့်လိုက်မိပေသည်။ပုံသွင်းထားသောမျက်ခုံးတွေကဖြောင့်တန်းကာအသားအရည်ကလဲ တကယ်ကိုနှစ်လိုဖွယ်ကောင်းလှပေ၏။အမာရွတ်နေရာလေးကိုချန်းယောင်းလက်လေးဖြင့်ခပ်ဖွဖွထိလိုက်မိပေသည်။အစ်ကိုဖြစ်သူနဲ့ဆော့ရင်းရခဲ့သောဒဏ်ရာလေးကကြီးတဲ့အထိသေရာပါ အမာရွတ်လေးဖြစ်သွားကာမျက်ခုံးမွေးများပင်မပေါက်သော်လည်း ထိုနေရာလေးကပါတစိမ့်စိမ့်ကြည့်ချင်လာအောင်ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိပေသည်။









ဖြောင့်စင်းသောနှာတံလေးနဲ့အတူ အမဲစက်ပင်မရှိသောဖြူနုနုပါးပြင်ကိုအသာအယာထိတွေ့မိပေ၏။ဆေးသားကူရင်ရွှန်းစိုနေတတ်သောနှင်းဆီဖူးသဖွယ်လှပသောနှုတ်ခမ်းတစ်စုံသည်ယခုအခါ ပင်ကိုယ်အတိုင်းခပ်ရဲရဲသဖွယ်အိစက်ညက်ညောနေပေသည်။ထိုနှုတ်ခမ်းလေးကထွက်ကျလာသမျှ စကားတို့သည် များသောအားဖြင့်ဓားသဖွယ်ထက်ရှသော်လည်း
ချန်းယောင်းအစ်ကို့ကို ကိုယ်ချင်းစာပေးနိုင်ပေသည်။









သေးသွယ်သောမျက်နှာလေးသည်ချန်းယောင်းလက်တစ်ဖဝါးစာသာသာရှိပြီး တစ်ခုခုကိုစားလိုက်တိုင်းပါးလေးကဖောင်းတတ်သွားလေ့ရှိပေသည်။အစ်ကို့ဘေးနားကပန်းတွေလောက်ကျွန်တော်ကတန်ဖိုးမရှိဘူးဟုသူတွေးထင်နိုင်ပေသည်။ချယ်ရီတွေကို မြတ်နိုးသူကို ကျွန်တော်က ပန်းပိတောက်ဝါတွေကိုတန်ဖိုးထားပေးပါဟုမဆီမဆိုင်တောင်းဆိုနေခဲ့သူပင်။ချယ်ရီပွင့်ဖတ်တွေကြားလှပနေသောသူသည်တစ်နှစ်မှတစ်ခါဘယ်အချိန်ပွင့်မလဲ အတိအကျမသိနိုင်သောပန်းပိတောက်ကို ဘယ့်အထိမျှော်လင့်နိုင်မည်နည်း။တယုတယထွေးပွေ့ထားဖို့ကပိုပြီးမဖြစ်နိုင်ပေ၏။







💦💦မိုး (Rain)💦💦Where stories live. Discover now