View point တစ်လျှောက် စည်ကားတည်ရှိနေသော ရေပေါ်ဈေးကို ချန်းယောင်းတို့အဖွဲ့ရောက်ရှိလာချိန်တွင် ည နေ ၆နာရီကျော်လောက်ရှိပေပြီ။စီတန်းနေသော ဆိုင်ကယ်ရပ်နားစခန်းကို ဖြတ်ကျော်အပြီး
စီတန်းနေသော ညဈေးတန်းကိုတွေ့လိုက်ရပေ၏။လူသူအများထူထပ်သည့်အပြင် သင်္ကြန်ကာလဖြစ်သောကြောင့် ပိုပြီးအရင်ကထက်လူပိုများနေ လေသည်။"ဇင်...ကိုယ်လက်ကိုသေချာကိုင်ထားနော် လူအုပ်ကွဲသွားမှာစိုးလို့ "
ချစ်ရသူ၏လက်လေးကိုဆုပ်ကိုင်လိုက်ရင်း အာကာအမြတ်တနိုးသူမ၏ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖျစ်လိုက်မိပေသည်။ထိုအခါ မိဇင်ကသဘောတကျရယ်လာပြီး ချစ်ရသူ၏လက်မောင်းကို တွဲကာ
ခေါင်းလေးကိုပါ အာကာပုခုံးပေါ်မှီလိုက်ရင်း အတူတူလျှောက်သွားလေ၏။
အရှေ့က လျှောက်သွားသောစုံတွဲကိုကြည့်ရင်း
ချန်းယောင်း မိမိအကြည့်တွေကိုရောက်တတ်ရာရာသာပို့ထားလိုက်မိပေသည်။နေ့လယ်ကတည်းက နေ အခုအချိန်ထိ သိသိသာသာငြိမ်ကျသွားသောအစ်ကိုက အခုထိလည်း မိမိကို စကားတစ်ခွန်းမှမပြောလာပေ။အစ်ကိုဝန်ဘင်းကို အမြဲအရိပ်တကြည့်ကြည့် ဂရုစိုက်နေမိသည့်အ လျောက် အစ်ကိုတစ်ခုခုအပေါ် စိတ်လေးနေမှန်း
ချန်းယောင်းရိပ်မိပေသည်။
သို့သော် ထိုအရာက ဘာပြဿနာလဲဆိုတာတော့ ချန်းယောင်း ကိုယ်တိုင်လည်း မခန့်မှန်းနိုင်ပေ။
နှစ် ယောက်အကြား တိတ်ဆိတ်ခြင်းသာ ကြီးစိုး နေလေသည်။တိတ်တိတ်က လေးသာ လျှောက်လှမ်းနေကြပြီး အကြည့်ချင်းတောင် မဆုံမိကြတော့ပေ။ တစ်ချက်တစ်ချက်မသိမသာ အစ်ကိုကို ခိုးခိုးကြည့်မိသော်လည်း ချန်းယောင်းကိုယ်တိုင်က ရင်ထဲတွင် ဟာတာတာကြီးဖြစ်နေသောကြောင့် သူ့ကိုစကားစပြောချင်စိတ် လည်းရှိမနေ တော့ ချေ။
အိုးဝေပေါ်၌လည်း မိဇင်တို့အတွဲချစ်ကြည်နူးတာ
ကို ထိုင်ကြည့် နေခဲ့ရပြီး အခုလက်ရှိ အချိန် တွင်လည်း ရေပေါ်ဈေးမှာတူယှဉ်တွဲကာသွားလာနေကြသော အတွဲများကြောင့် မသိစိတ်အလိုအရ အလိုလို နှာခေါင်းရှုံ့လိုက်မိလေသည်။အမှတ်တမဲ့ သူ့ဘက်ကို လှည့်ကြည့်မိသောအခါသူကလူတွေများလို့လားမသိ။ဦးထုပ်ကိုသာပိုငိုက်ငိုက်ဆောင်းထားပြီး တစ်ခြားလူတွေကို ဝင်မတိုးမိအောင် သတိထားလျှောက်နေလေ၏။