"မောင့်ဘက်ကရှိသမျှပုံအောပေးပြီးပြီလေ ။ကိုကိုဘက်ကမတင်းတိမ်နိုင်ရင် မောင်ဘယ်လိုလုပ်ရပါ့မလဲ ။ပြီးတော့မောင်ကငှက်ကလေးတွေကိုသဘောကျတာကိုကိုသိတယ်မလား ။မောင်ကသူတို့ကိုသိပ်ချစ်ပေမဲ့ ဖမ်းဆီးထားမယ့်သူမျိုးမဟုတ်ဘူးကိုကို ငေးပဲကြည့်နေမယ့်သူမျိုး ။မောင့်အတွက် မောင်သိပ်ချစ်ရတဲ့ငှက်လေးလွတ်လပ်သွားဖို့ကိုပဲ အလိုရှိပါတယ် "
မောင့်ရဲ့စကားတွေကတစ်ခွန်းချင်းစီဝန်ဘင်းနားဆီစီးဝင်လာခဲ့ပေသည်။နှစ်ယောက်သားမတိုင်ပင်ထားသော်လည်း လမ်းခွဲဖို့အကြောင်းတွေးမိရုံနဲ့ကို နှစ်ယောက်သားအလိုလိုတိတ်ဆိတ်မိသွားလေ၏။နှစ်ယောက်ကြားမှာဘယ်သူကမှ ဖြတ်ကျော်မလာသည့် စည်းတစ်ခုကအလိုလိုနေရင်း ခြားထားလေသည်။တစ်ခါတစ်လေတော့လည်း သိပ်လှသည့် အိပ်မက်လေးအလား ဝန်ဘင်းတွေးမိပါ၏။
"မောင် ....ငါလေ မရင့်ကျက်တဲ့ကလေးတစ်ယောက်ပဲဖြစ်ချင်မိတယ် ။ဘဝအတွက်ဘယ်တော့မှထည့်မတွေးရတဲ့လူမျိုးပေါ့ ။ပတ်ဝန်းကျင်ဆိုတာကြီးကို ဘယ်တော့မှထည့်မတွေးရတဲ့လူမျိုး ၊တစ်ခါတစ်လေတော့မောင်ရယ် ငါလည်း သိပ်ကိုသန်မာတဲ့ငှက်လေးဖြစ်ချင်မိပါတယ် "
ကိုကိုကအရင်ကထက်တိတ်ဆိတ်သွားပြီး ဝမ်းနည်းနေသည့်အရိပ်အယောင်တွေပေါ်ထွက်နေလေသည်။သို့သော်အားပေးနှစ်သိမ့်ပေးဖို့က ချန်းယောင်းရင်ထဲတွင်လည်း ဆို့နစ်နေပေ၏။အချင်းချင်းဆုပ်ကိုင်ထားမိသည့်လက်တစ်စုံကိုသာချန်းယောင်းငေးကြည့်မိလိုက်တော့ပေသည်။
"အိမ်တန်းမပြန်ဘူးလား "
ပိတောက်ပင်အောက်ကိုဆွဲခေါ်လာသူကြောင့် ဝန်ဘင်းမှာပန်းရနံ့တွေသင်းပျံ့နေသည့် အပင်အောက်ကို ချန်းယောင်းနှင့်အတူရောက်ရှိနေရပေသည်။ဘယ်ကတည်းကရောက်နေလဲမသိသည့်ကလေးအချို့ကဆပ်ပြာပူစီဖောင်းအသေးလေးတွေပင် မှုတ်ထုတ်နေပေ၏။
လေအလာမှာမိမိဆီလွင့်မြောလာသောရောင်စုံဆပ်ပြာပူဖောင်းလေးတွေကိုဝန်ဘင်းတို့ထိကာဆော့နေမိလိုက်ပေသည်။အပင်ထိပ်ဖျားတွင် ပိတောက်ခက်တို့ဝေဆာမြိုင်နေပေ၏။အစိမ်းရောင်အရွက်များကြားတွင်ရွှေအိုရောင်ပန်းပိတောက်တို့ဝေဆာမြိုင်စွာဖူးပွင့်နေလေသည်။