|Two

854 105 28
                                    

"အိုးး.. ဒီလောက်အထိ
ဓာတ်ကျသွားလိမ့်မယ်လို့ ငါမထင်ထားဘူး
လာကြည့်စမ်းပါဦး.. ဂျောင်ဂုရား"

ပြုံးရောင်သန်းနေသော
ကကြီးသဏ္ဌာန်နှုတ်ခမ်းလှလှမှ
ထိုစကားလုံးများသည် လှောင်သွေးသန်းကာ ထွက်‌ပေါ်လာ၏။

ဂျောင်ဂု အပေါ်ကုတ်အင်္ကျီကို ချွတ်ရင်း အောက်ခံရှပ်အား ကြယ်သီး၂လုံးလောက်ကို ဖြုတ်ကာ ဆိုဖာပေါ်ထိုင်ရင်း သဘောတကျ သတင်းစစ်နေသူလေးဆီ တလှမ်းချင်းသွားလိုက်သည်။

ရှင်းစရာတွေ အများကြီးရှိနေတာမဟုတ်လား..။

"ဟ..ဟ ကြည့်လိုက်ဦး
ငါ အနက်ရောင်ဝတ်လာတဲ့ကိစ္စနဲ့ပတ်သတ်ပြီးက
တစ်ဖွဲ့ ၊ ဒူးထောက်လိုက်လို့ကတစ်ဖွဲ့ ၊ အော်..
ဒါရိုက်တာ့သမီးနဲ့နီးကပ်နေလို့က တစ်ဖွဲ့.. အိုဟို ဒီပွဲကတော့ ငါ့ပွဲထင်တယ် ဂျောင်ဂု ! "

"ကိုယ်မေးမလို့..
အဲ့တာတွေကို ထယ်ဘာလို့လုပ်တာလဲ"

ဂျောင်ဂုက ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်နေတဲ့သူ့ကို လက်နှစ်ဖက်နဲ့အုပ်မိုးရင်း သဘောမကျသလိုဆိုလာတော့သည် ။

"မင်းမေးခွန်းကြီးကလဲ
ငါက ဘာဖြေလို့ဖြေရမှန်းလဲမသိ"

"မင်းဘာလို့ ကင်မ်ဆော့ဂျင်ရှေ့မှာ ဒူးထောက်ပြီး ပန်းကိုပေးခဲ့ရတာလဲ ! ဟမ် ! "

"အော်... ဂျွန်ဂျောင်ဂုရယ်
မင်းဟာလေ ဘယ်တော့မှ ရင့်ကျက်မှာလဲ ဟမ်..? "

လက်ချောင်းရှည်သွယ်သွယ်တွေက ဂျောင်ဂုမေးစေ့ထံ ဆော့ကစားနေပြီး အတည်ငြိမ်ဆုံးပြောလာတဲ့ ထယ့်အသံတွေက သူ့ကို ဆွဲဆောင်နေ‌သယောင် ..။

"ငါကလေ.. အားလုံးအတွက် အခုလိုလုပ်ခဲ့တာ
(၁)အချက် !  သူများတွေနဲ့မတူချင်ဘူး ၊ ငါက သူများတွေနဲ့တစ်ထပ်တည်းကျရတာမျိုး ၊ သူများတွေလိုလိုက်လုပ်ရတာမျိုးတွေကို ငါမကြိုက်ဘူးဆိုတာ မင်းသိပါတယ်။ ပြီးတော့မင်းရဲ့‘မင်္ဂလာ’ဆိုတာကြီးကိုလည်း သောက်မြင်ကပ်လို့ အမဲရောင်ချည်းဝတ်လာခဲ့လိုက်တယ်.. ဒါပေမဲ့ ငါလှတယ်မဟုတ်လား ? အဟင်း မပြောလည်းသိတယ် (၂)အချက် အဲ့လိုဝတ်လာလို့ လူတွေက ကျိန်းသေဝေဖန်ကြမှာပဲလေ.. အဲ့တာကြောင့် အဲ့ဒီပါးစပ်တွေကိုပိတ်သွားအောင် သီချင်းဆိုပေးခဲ့တယ်.. ပြီးတော့ ကင်မ်ဆော့ဂျင်ကို ပန်းပေးခဲ့တယ် အဲ့တော့... သူတို့ ဝေခွဲမရဖြစ်ပြီး ပါးစပ်ပေါက်တွေလည်းပိတ်သွားမယ် ။ သူတို့အများကြီး စဉ်းစားနေကြတော့မှာ..။ ‌သူတို့မပြောနဲ့ မင်းတောင် ဇဝေဇဝါဖြစ်သွားသေးတယ် မဟုတ်လား.. ဟ..ဟ"

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now