ဆော့ဂျင် မျက်လုံးတို့ကောင်းစွာပွင့်မှာ
ထိုခေါင်းပိုင်ရှင်မှာ ကင်မ်ထယ်ယောင်းဖြစ်ကြောင်း
သေချာစွာသိလိုက်ရ၏..။အခုပုံစံအရ ကင်မ်ထယ်ယောင်းက သူ့ကို
အိပ်စောင့်ပေးခဲ့တာလား? ။ မဖြစ်နိုင်လိုက်တာ ။
သူဘာတွေများ ရူးကြောင်ကြောင်တွေးမိလိုက်တာလဲ ။
သူ့ချစ်သူနဲ့ယူထားတဲ့သူကို ဘယ်သူက
ဒီလိုလာလုပ်ပေးမှာလဲ ။ ပြီးတော့
ကင်မ်ထယ်ယောင်းဆိုတာ
လူစိတ်ကတစ်ချက်တစ်ချက်ရှိတာမဟုတ် ။
အကြောင်းတစ်ခုခုရှိလို့
ဒီလိုတွေလာလုပ်နေတာပဲဖြစ်ရမည် ။ဆော့ဂျင် တွေးနေရင်းနှင့် ထထိုင်လို့
ထိုင်လိုက်မှန်းမသိရအောင် သူ့ခန္ဓာကိုယ်က
ကုတင်ဘောင်ကိုမှီလျက်ဖြစ်သွားသည် ။
သူသူ့နားရွက်တွေကိုစမ်းကြည့်တော့
အပူဓာတ်ကိုများစွာမခံစားရ ။
သူသက်သာနေပြီဆိုတဲ့သဘောဘဲ ။"မမ.. မထားခဲ့ပါနဲ့
ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ်.."အသက်ရှုသံပြင်းပြင်းမှ အသံခပ်အက်အက်အဖြစ်
ပြောင်းလဲကြားလိုက်ရသည်မို့ ဆော့ဂျင် ထယ်ယောင်းကို
ထူးဆန်းသလိုကြည့်နေလိုက်သည် ။ သူသေချာမကြားရပေမဲ့ တစ်ခုခုယောင်ရမ်းနေတာကိုတော့ သိပါ၏ ။"ဟင့်..မမ..ဟင့်
ကျွန်တော်..ကျွန်တော်..
အားလုံးက ကျွန်တော့အမှားတွေပါ..
ကျွန်တော်သာ..ဟင့်"နီးကပ်သည်ဟု ဆိုနိုင်လောက်သော
အနေအထားမို့ သူခေါင်းနည်းနည်းထောင်လိုက်သည်နှင့်
ကင်မ်ထယ်ယောင်းဆီမှ ထိုယောင်ရမ်းသံကို ရေရာစွာကြားလိုက်ရသည် ။ဘယ်ကသူကို တ,နေပြန်သည်မသိ ။
ကင်မ်ထယ်ယောင်းမှာ ဂျွန်ဂျောင်ဂုတစ်ယောက်တည်းရှိတာမဟုတ်လောက်ပေမဲ့ အခုလိုယောင်ရလောက်တဲ့ အနေအထားအထိတစ်ယောက်ယောက်ရှိနေပြန်တာလား ။ သူထင်ခဲ့မိတာက ဂျွန်ဂျောင်ဂုနဲ့ကင်မ်ထယ်ယောင်းနှစ်ယောက်လုံးက လူရှုပ်လူပွေတွေဖြစ်ပေမဲ့ သူတို့နှစ်ယောက်သာလျှင် အတည်ပေါက်ဟု ။ သို့သော် ထင်ထားသလို မဟုတ်တော့သည်လား ။ ဒါမှမဟုတ် ဂျွန်ဂျောင်ဂုတစ်ဖက်တည်းကပဲ တည်နေတာလား ။