"အာ့...အားး အားး "
ဘူဆန်မြို့အစွန်က အိမ်ဟောင်းကြီးထဲတွင်
အမျိုးသမီးတစ်ယောက်၏ အော်ငြီးသံတို့
ညံညံဆူလျက်ရှိလေသည် ။"မရတော့ဘူး..မရတော့ပါဘူး
ဆရာ့ကိုသွားခေါ် ဆရာ့ကိုမြန်မြန်သွားခေါ်""ဟုတ်ဟုတ်ဟုတ်"
အသက်လတ်ပိုင်းအမျိုးသမီးငယ်လေး
ထိုအခန်းငယ်ထဲကနေ ထွက်သွားပြီးခဏအကြာ၌
လူကြီးတစ်ယောက်နှင့်အတူ ရေးကြီးသုတ်ဖျာ
ပြန်ဝင်လာကြသည် ။"ဘာဖြစ်တာလဲ ! ဘာဖြစ်တာလဲ
ဘာအဆင်မပြေတာလဲ !!
ဟယ်..ဟယ်လေး ကိုယ့်ကိုကြည့် ! "ထိုအမျိုးသားက ကုတင်ပေါ်လဲလျောင်းလျက်ရှိနေသော
ချွေးစေးသံပေါက်များနှင့်အမျိုးသမီးအား
လက်ဖဝါးဖျော့ဖျော့တို့ကို
ဆုတ်ကိုင်လျက် တုန်ယင်စွာမေးမြန်ရှာသည် ။ထိုအမျိုးသမီးကတော့ နာကျင်နေဟန်ပြကာ
ခေါင်းကိုသာ အားယူငြိမ့်ပြသည် ။နာကျင်နေဟန်ပေါ်သော ဟယ့်ကိုကြည့်ကာ
သူ့ရင်ထဲ ဝမ်းနည်းမှုတို့ပြည့်သိပ်စွာ
ဆို့တက်လာ၏ ။ထိုဝမ်းနည်းမှုများသည်
မျက်လုံးထဲမှမျက်ရည်ကြည်များအဖြစ်
ပြောင်းလဲကာ ပါးပြင်ထံ စီးကျသွားသည် ။"ဆရာ-"
"အဆင်မပြေဘူးမလား !!
ဆေးရုံသွားမယ် ! အခုချက်ချင်း!!
ထ..ထ ဟယ်ဖြေးဖြေးထ""ဆရာ..မဟုတ်သေးဘူးလေ
ဒီလိုဆိုရင်""ငါ့ကိုဘာမှလာမပြောနဲ့ !!!
အခုချိန်မှာ ဟယ့်ထက်အရေးကြီးတာ
မရှိတော့ဘူး !! "
"ဟယ်ဂယောင်း-ah ဖြေးဖြေး
ကိုယ်ချီမယ်.."ကုတင်ထက်က ကိုယ်လေးလက်ဝန်နှင့်
အမျိုးသမီးကို ဖြေးဖြေးချင်းဆွဲမကာ
သူကိုယ်တိုင်ချီသွားရန် အင်တိုက်အားတိုက်
ကြိုးပမ်းနေသောသူဌေးအား
သူတို့အားလုံး ဘာဆိုဘာမျှ
ပြောနိုင်တော့မည်မထင် ။"အစ်ကို.."
ခန္ဓာကိုယ်တစ်တစ်ကလေး လက်ထဲပါလာချိန်
ရင်ဘတ်အနားက ခေါ်သံဖျော့ဖျော့သည်
ရင်ထဲနှလုံးထဲအထိ မြစ်ချောင်းတစ်ချောင်းကဲသို့
ယိုဖိတ်စီးဆင်းသွားသည် ။