|Six

714 103 30
                                    

ဂျောင်ဂု ကင်မ်ဆော့ဂျင်အခန်းမှ ပြန်လာပြီး
ရေချိုးအဝတ်စားလဲဖို့ပြင်နေရင်း ကွန်ပြူတာမှ
ထွက်လာသည့် notiသံ..။
ထို့ကြောင့် ဗီရိုထဲက အဝတ်တွေထုတ်နေရင်းမှ
ကွန်ပြူတာရှိရာ စားပွဲဆီသွားကာကြည့်တော့
မေးလ်ထဲ စာတစ်ကြောင်းရောက်ထားသည် ။

“မင်းတို့နှစ်ယောက်ကဘယ်လိုမှမဖြစ်နိုင်ဘူး
ထပ်ပြီးရှေ့ဆက်တိုးရင် အားလုံးမှားကုန်လိမ့်မယ်”

ပို့တဲ့သူကတော့ အခြားမဟုတ် ။
မွေးသဖခင် ကျေးဇူးရှင်ကြီး..။

ဂျောင်ဂုသက်ပြင်းတစ်ချက်ကို ခပ်သဲ့သဲ့ချကာ
မနေ့ညက အကြောင်းကို အတွေးရောက်မိသည် ။

ဒယ်ဒီက ဘူဆန်ကို ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာပြီး
သူ့ကို လာကောသွားတာ >>>

ညရိုက်sceneတွေမို့ ၉နာရီမှပြီးစီးသည့်
ရိုက်ကူးရေးကြောင့် ဂျောင်ဂုညောင်းညာကာ
ဟိုတယ်ကking sizeမွေ့ယာအိအိပေါ်
ပစ်လှဲမိရင်း မျက်လုံးတို့မှိတ်ရင်း စိတ်ကို
အနားပေးနေမိသည် ။

မျက်လုံးတစ်ချက်မှိတ်လိုက်တာနှင့်
ညကကင်မ်ဆော့ဂျင်ရဲ့
အသက်ရှူရပ်စရာမြင်ကွင်းက
ထပ်ပြီးပေါ်လာပြန်သည် ။
သူတကယ်ပဲ ဘာတွေဖြစ်နေတာလဲ ။
ဒီနေ့ Kiss sceneတွေရိုက်ရချိန်တွင်လည်း
ထိုကင်မ်ဆော့ဂျင်ရဲ့ နှုတ်ခမ်းထူရဲရဲတွေက
မျက်စိထဲ ခဏခဏရောက်လာနေသည် ။
ထို့ကြောင့် ‌‌ဒါရိုက်တာကြီးကတောင်
ရိုက်သမျှsceneတိုင်း
Perfectဖြစ်နေကျသူ့ကို အထူးသဖြင့်
Kiss sceneတို့ Bed sceneတို့မှာ
အကျွမ်းကျင်ဆုံးဖြစ်တဲ့သူ့ကို
အီရန်လူစားလဲသွားသလားလို့တောင်
ရွှတ်နောက်နောက်စသေးသည် ။

သူဘာတွေဖြစ်နေလဲ သေချာမသိပေမဲ့
ကင်မ်ဆော့ဂျင်က သူ့ဘဝအတွက်
နတ်ဆိုးတစ်ကောင်ဖြစ်တယ်ဆိုတာတော့
သေချာ‌သည် ။ သူကြောင့် အလုပ်မှာ
ဘာရယ်ညာ‌ရယ် အပြောခံရပြီး
ထယ်လည်း အကြောင်းမရှိဘဲ
စိတ်ဆိုးသွားတာ..။

"အီရန်.."

သူ့နာမည်ခေါ်သံကြောင့် ဂျောင်ဂုလှဲနေရာမှ
ထထိုင်မိရင်း မျက်လုံးတွေဖွင့်ကြည့်လိုက်သည် ။
တံခါးအပေါက်ဝတွင် ဒယ်ဒီကရှိနေပြီး သူထထိုင်တာ
မြင်တာနှင့် အခန်းထဲကို တစ်လှမ်းခြင်းဝင်လာနေပြီး
ဆိုဖာပေါ် ခပ်တည်တည်သွားထိုင်သည် ။

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now