ဂျောင်ဂု စားပွဲခုံပေါ်က ဖုန်းကိုယူကြည့်တော့
Lockscreen၌ အီဖယ်တာဝါကြီးကို
နောက်ခံထားကာ မျက်နှာစူပုတ်ပုတ်နှင့်
ကလေးကို အဘိုးကြီးတစ်ယောက်က
ဖက်ထားသည့်ပုံအား တွေ့ရသည် ။ သေချာပေါက်
ကင်မ်ဆော့ဂျင်တို့ မြေးအဘိုးပဲပေါ့..။ဂျောင်ဂု မွေ့ယာပေါ်နောက်ပြန်လှဲရင်း
ပုံအား အခေါက်အခေါက်အခါခါပြန်ကြည့်ကာ
နှုတ်ခမ်းပါးတို့ သူ့အလိုလို ကွေးတက်သွားသည် ။တော်တော်လည်း စူထော်နိုင်လွန်းတဲ့ကင်မ်ဆော့ဂျင် ။
ဓာတ်ပုံရိုက်တာတောင် လှလှလေးထွက်အောင်
မနေဘူး ။ အဲ့ဒီတုန်းက ဘာတွေများ အလိုမကျနေလို့
ဒီလိုမျက်နှာဖြစ်နေရတာလဲ..။ သူ့ကိုဘာကများ
နှုတ်ခမ်းစူအောင် လုပ်နိုင်သွားတာလဲ..။"ဂျွန်ဂျောင်ဂုကပဲ မင်းကို နှုတ်ခမ်းစူအောင်
လုပ်နိုင်တယ်ထင်နေတာ.. အခုတော့
ပြန်တွေးရတော့မယ်ထင်တယ်"စူပုတ်ပုတ်မျက်နှာလေးတည်ရှိသည့် ဖုန်းကို
ကြည့်ရင်း ဂျောင်ဂုတစ်ယောက်ထဲ စကားတွေ
ပြောနေလေသည် ။ကင်မ်ဆော့ဂျင်တို့များ ငယ်ငယ်ကတည်းကကို
အချိုးမပြေတာပါလား.. ။ ဘာလေးမှန်းမသိ။လက်ထပ်ပွဲနေ့တုန်းကလည်း ဖာသာကို
မနမ်းချင်ဘူးဆိုပြီး ဂျစ်တယ် ။
လက်ဆွဲခေါ်တော့လည်း အတင်းရုန်းသေးတယ်။
ဟမ့်..လက်တွေကို ဖိညှစ်ပစ်လိုက်လို့နာသွားလည်း
အဲ့ဒီမျက်နှာက သေနေတုန်းပဲ ။တစ်ခါတစ်လေကျ ကင်မ်ဆော့ဂျင်က
လူမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်လို့တောင်
ထင်မိတယ်..။ ဒါပေမဲ့ စက်ရုပ်မဟုတ်ကြောင်း
သူအသိဆုံးပါလေ...။အင်း..ဟိုညက..
မင်္ဂလာဦးညလို့ပဲပြောရမှာပေါ့..
အဲ့တုန်းက ကင်မ်ဆော့ဂျင်ရဲ့
ပထမဆုံးကို သူရယူနိုင်ခဲ့တာ..အစတုန်းကတော့ နမ်းရုံလောက်ဆိုပေမဲ့
အတင်းရုန်းကန်ပြီး သူ့ကိုယ်သူအဟုတ်ကြီး
မှတ်နေလို့ အဆုံးထိသွားခဲ့တာ ။
အောက်ကလည်းနေသေးတယ် 'ငါ'ဆိုတဲ့
အတ္တကလည်းမလျှော့ဘူးဆိုတာ
ကင်မ်ဆော့ဂျင်မှ ကင်မ်ဆော့ဂျင်အစစ် ။