|Ten

951 104 41
                                    

မိနစ်ပိုင်းမျှ စကားအခြေအတင်
ပြောဆိုပြီးနောက် သူရော ၊ ဂျောင်ဂုပါ
မျက်နှာချင်းမဆိုင်ဘဲ ဓာတ်လှေကားမှ
ဆင်းလာမိသည်။ ဘာမှအထွေထူးရယ်
မဟုတ်ပေမဲ့ ဆက်ဆံရေးအဆင်ပြေမနေတဲ့
သူတို့နှစ်ယောက်ကြား ခုနလို
တိတ်ဆိတ်သွားတဲ့ အခြေအနေကြီးက
အနည်းငယ် အောင့်သက်သက်နိုင်သည် ။

သူတို့ကင်မရာရှေ့တွင် ပြုမူရမည်များကို
ညှိယူလိုက်ပြီး အခန်းထဲက ချက်ချင်း
ထွက်လာကြတာပင် ။

ဓာတ်လှေကားပွင့်သွားတော့
စီစဉ်ထားသည့်အတိုင်း ဂျောင်ဂုက
အစီစဉ်တင်ဆက်ရာဌာနသို့ အရင်
ထွက်သွားသည် ။ သူကတော့
ဓာတ်လှေကားထဲကထွက်လိုက်ပြီး
ကူရှင်တွေအနားရပ်ကာ ဖုန်းခဏ
သုံးနေလိုက်သည် ။ တစ်ချိန်တည်း
အတူသွားလိုက်လျှင် ကဏ္ဏာမတူတဲ့
သူတို့နှစ်ယောက်အတွက် သရုပ်ပျက်သွားမည်
ဆိုးတာကြောင့် မိနစ်ပိုင်းလောက်ဖြစ်ဖြစ်
ခွဲသွားဖို့ စဉ်းစားခြင်းပင် ။

အနည်းငယ်ကြာသွားတော့ ဆော့ဂျင်
ဖုန်းကို သူ့ရုံးအိတ်ထဲထည့်လိုက်ကာ
အင်တာဗျူးရမည့်အခန်းသို့ သွားရန်
ဟန်ပြင်လိုက်သည်။ လိုက်ကာတို့
နေရာယူလျက်ရှိသော ပြတင်းမှန်တွေကို
အမှတ်တမဲ့ကြည့်မိတော့ ညှိုးအုံ့လျက်
ရှိသော တိမ်ရိပ်တိမ်လွှာများကို
မသိမသာမြင်ရသည်..။ အင်း..
မိုးဦးတောင် ရောက်တော့မည် ။
မိုးရာသီကိုမမုန်းပေမဲ့ မိုးရာသီ
ရောက်လို့ မိုးဖွဲလေးကျရုံဖြင့်
ဂနာမငြိမ်နိုင်သည့် စိတ်ကိုတော့
‌ဆော့ဂျင် ပြောမပြတတ်လောက်အောင်
မုန်း၏..။

ဆက်မတွေးသင့်တော့သော အကြောင်းအရာများအား
ခေါင်းခါဖယ်ရှားရင် အစီစဉ်တင်ဆက်ရာဌာနသို့
ဆက်၍ လျှောက်လာခဲ့သည် ။ ထိုအခန်းအား
ရောက်ရန် လှေကားတစ်ထစ်စာ
လျှောက်လမ်းလေးရှိသေး‌တာမို့
ဆော့ဂျင် မျက်မှောင်အား အလိုမကျသလို
ကုတ်လိုက်ပြီး ပထမဆုံးလှေကားထစ်တွင်
ခြေချလိုက်ကာ သွားရောက်ရမည့်
အောက်ထပ်ထဲသို့ အာရုံစူးစိုက်ကာ
အကဲခတ်လိုက်သည် ။ အခုလို အစီအစဉ်ပြုလုပ်ဖို့
သပ်သပ်အောက်ထပ်ခွဲထားတာကို
ဆော့ဂျင်တော့ သဘောမကျ ။ အပေါ်က
အထပ်တွေမှာ အခန်းလွတ်‌တွေအများကြီး
ရှိပါလျက်နဲ့ တစ်ထပ်သပ်သပ်ထပ်ဖွဲ့တာကြီးကျ
ပိုလွန်းသည်ဟုထင်သည် ။ တစ်ကယ်တမ်းက
ဘာမှမဟုတ် ။ အခုလို အင်တာဗျူးဖြေဖို့
မင်းသား/မင်းသမီးတွေ ဒီပေါ်ကဆင်းလာရင်
အောက်ကနေ ကင်မရာတဖြတ်ဖြတ်ရိုက် ၊
တမင်သပ်သပ် ရှိုးပြချင်လို့ အချိန်ကုန်၊
လူပင်ပန်းခံ သပ်သပ်ထပ်ဖွဲ့ခြင်းဖြစ်လိမ့်မည် ။
သူတို့အတွက်တော့ ဘာရလဲမသိပေမဲ့
ဆော့ဂျင်အတွက်တော့ စိတ်နောက်စရာ
အရည်မရ၊မဖတ်မရသာ..။

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now