|Fourteen

608 98 61
                                    

ဆော့ဂျင် လေယာဉ်ထဲရောက်တော့
ပစ္စည်းတွေကို တာဝန်ရှိသူတွေမှ
နေရာချပေးတာနှင့် ထိုင်ရမည့်နေရာအား
ပတ်ရှာရတော့သည်။ ဟွာ‌ဆိုသည့်
သကောင့်သားကတော့
လက်မှတ်အမှာနောက်ကျလို့
သူနှင့်လေယာဉ်ကွဲသွားရသည် ။
အချိန်(၂)နာရီအကွာမှ နောက်လေယာဉ်က
ဆိုက်မှာဖြစ်တာမို့‌ လေဆိပ်ထဲ
ဖုန်းနှိပ်ကာ ကျန်နေခဲ့သည် ။

သူအစကတည်းကပြောပါတယ် ။
အခုလိုသောက်တလွဲတွေဖြစ်မှာစိုးလို့..။
ဟွာက အလုပ်လုပ်တဲ့နေရာမှာ
စေ့စပ်သေချာသလောက်
အခုလို အရေးမကြီးဘူးဆိုရင်လည်း
အရေးမကြီးတဲ့အလျောက် နမော်နမဲ့နှင့်
လုပ်တတ်သည် ။

ဆော့ဂျင် သူ့ထိုင်ခုံအမှတ်နေရာရောက်တော့
ချက်ချင်းဝင်ထိုင်လိုက်ဖို့ ကြိုးစားလိုက်၏။

သို့သော် သူ့ထိုင်ခုံဘေးကလူက
လျှောက်လမ်းဘက်ကနေ ပိတ်ပြီးထိုင်နေသည်။
မကြာခင် လေယာဉ်က ထွက်တော့မှာမို့
တာဝန်ရှိသူတွေကနေ announcements
များ ထုတ်လွှင့်လို့နေလေပြီ..။ သူက
အခုထိနေရာတကျမဖြစ်သေး ။

"ဒီမှာ ဒီမှာ.."

ခေါင်းပေါ်တွင် နားညှပ်ဦးထုပ်ကို
ဝတ်ဆင်ထားပြီး နေကာမျက်မှန်အမဲကြီးနှင့်
မတ်စ်အဖြူ ၊ နားနှစ်ဖက်ဖုံးတဲ့Earphone
ခပ်ကြီးကြီးပါတပ်ဆင်ထားသည်မို့
ထိုလူဟာ gamerလိုလို hackerလိုလို..။
တစ်နည်းပြောရရင် ကြောင်တောင်တောင်နှင့်..။

ဆော့ဂျင် ရိုးရိုးခေါ်ရင် မကြားမည်စိုးတာမို့
ပခုံးအား အနည်းငယ်ကိုင်လှုပ်ကာ အိပ်နေတဲ့လူကို
လှုပ်နှိုးလိုက်တော့ ခန္ဓာကိုယ်က
အနည်းငယ်တွန့်လာသည် ။
မျက်လုံးဖွင့်မဖွင့်ကတော့ သူ့မျက်မှန်
အမဲကြီးကြောင့် ဘာဆိုဘာမျှ မသိ ။
သူ့ပုံစံကသိပ်ကဲနေတာမဟုတ်ဘူးလား ။
မျက်နှာတောင်မမြင်ရတော့ဘူးလေ ။
လေယာဉ်ပေါ်သာ ရှိမနေရင် လူလား
ဂြိုလ်သားလားတောင်ခွဲတတ်မှာမဟုတ်တော့ဘူး။

"နည်းနည်းလေးဖယ်ပေးပါဦး..
ကျွန်တော်ဝင်လို့မရတော့ဘူး"

ဆော့ဂျင် အသံအနေထားအား အပြေပြစ်ဆုံး
ဖြစ်အောင် ထိန်းလိုက်ပြီး ထိုင်နေတဲ့လူကို
စေ့စေ့ကြည့်ကာပြောတော့ သူ့အား
မျက်မှန်ထဲကနေ မှင်သက်လျက် မလှုပ်မယှက်ဘဲ
ပြန်ကြည့်နေလေသည် ။ မဟုတ်ဘူး..
သူ့ပုံစံက အံ့အားသင့်လွန်းပြီး
အကြောတွေသေသွားတဲ့လူလိုပဲ ။
သူက ဘာလို့ဒီလိုဖြစ်နေရတာလဲ..?။
ဘာတွေများထူးဆန်းနေလို့ ဒီလောက်ကြီးထိ..?
ဒါမှမဟုတ် နိုင်ငံခြားသားလား..

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now