|Five

801 111 31
                                    

ဆော့ဂျင် မှန်ပြတင်းပေါ်ကလိုက်ကာတွေကို
ဖယ်လိုက်ရင်း အိမ်ကြီး၏
အနောက်ဘက်ဥယျာဉ်မြင်ကွင်းကို
ရှု့ကြည့်မိ၏..။ စိမ်းလန်းစိုပြေသော
ထိုသဘာဝပတ်ဝန်းကျင်က
နောက်ကြိလျက်ရှိသော
သူ့စိတ်ကိုတောင် ကြည်ရှင်းလာစေသည် ။
ဝရန်တာမှထွက်ပြီး
လေတိုးခံချင်စိတ်ကတစ်ဖွားဖွား ။
သို့သော် လူက အရှင်းကြီးသက်သာသေးတာ
မဟုတ်၍ ပေါက်နေသည့်စိတ်တွေကို
တံတွေးနှင့်အတူသာ မျိုချနေရသည်။
သာမန်မဖျားမနာတတ်တဲ့သူက
စိတ်ပေါက်ပေါက်နဲ့ ရေထဲ နာရီအမျှ
စိမ်မိသွားတာမို့ အအေးပက်သွားရခြင်း ။

ဒါတွေအားလုံးက ဟိုအရိုင်းအစိုင်းတွေကြောင့်။
ကင်မ်ထယ်ယောင်းသာ သူ့ကို အရင်လာမစရင်
သူလည်း ဒီအိမ်ကထွက်သွားဖို့
စကားနာမထိုးသလို ဂျွန်ဂျောင်ဂုလည်း
သူ့အခန်းထဲရောက်လာမှာမဟုတ်ဘူး။
ပြဿနာကို မြန်မြန်ကျေအေးပေးစေချင်ရင်
မှားတဲ့လူဘက်က ရို့ရို့ကျိုးကျိုးတောင်းပန်ရမှာ
ဓမ္မတာပဲ‌ ။ ဒါကို သူတို့မှားပြီး သူတို့ကပဲ ဟိန်းလားဟောက်လားနဲ့ ။ အဲ့တာကြောင့် တန်ရာဒူးထောက်ခိုင်းတော့ ခွေးစိတ်တွေပေါက်ပြီး.. ကျစ် !

လူတွေကသာ ကိုယ်ရောင်ထွက်နေပြီး
စိတ်ဓာတ်တွေကတော့ အောက်တန်းကျချက်ပဲ။

သူများသားသမီးကို လုပ်ချင်သလိုလုပ်ခဲ့ပြီး
အခုထိ တစ်စက်မှပေါ်မလာတာပဲကြည့်လေ ။
ဘယ်လိုတိရိစ္ဆာန်စိတ်လဲ ? ။ သူလာတာမလာတာ
စိတ်ဝင်စားလို့ မဟုတ်ပါဘူး ။ လူမဆန်ကြောင်း
ပြောပြတာ ။ သတ်မှတ်ထားတဲ့အတိုင်း ၁နှစ်ပဲ
မြန်မြန်ကုန်သွားဖို့ ဆုတောင်းတယ် ။

သွေးပူနေတုန်းကတော့ တစ်ခုခုတုံ့ပြန်ချင်တဲ့
စိတ်သာ ကြီးစိုးနေပေမဲ့ တကယ်သာ
ဦးနှောက်နဲ့စဉ်းစားကြည့်မယ်ဆိုရင်
ဒါက လူကြီးလူကောင်းမဆန်တဲ့လုပ်ရပ်ပဲ။
အကယ်၍ တစ်စုံတစ်ရာဖြစ်ခဲ့ရင်
သူတို့ဘက်က သူလည်း ကျွန်တော်တို့ကို
ဘာပြန်လုပ်ပါတယ်ဆိုပြီး
ဖြေရှင်းချက်ရှိသွားလိမ့်မယ်။
ဒါကြောင့် ဒီသံသရာကို ဒီမှာတင်
ဖြတ်လိုက်ချင်ပြီ။ တစ်နှစ်ဆိုတဲ့
အချိန်ကာလတစ်ခုပြီးသွားရင်
အရာအားလုံး အရင်လိုပြန်ဖြစ်သွားမှာ ။
ဒီအသိုင်းအဝိုင်းနဲ့လည်းပတ်သတ်စရာ
အကြောင်းမရှိဘူး ။ အစကတည်းကလည်း
မပတ်သတ်ချင်ခဲ့ပါဘူး ။ အဘိုးဆန္ဒကြောင့်။
အဘိုးရှိနေလို့လည်း သူဒီလောက်အထိ
သည်းငြီးခံနေတာ။ အဘိုးက သူ့ရဲ့
ကျေးဇူးရှင်ဆိုတာထက်ကိုပိုပါတယ်.. ။
မိရင်း၊ဖရင်းဆိုတဲ့သူတွေကတောင်
မလိုချင်လို့ လမ်းမပေါ် အမှိုက်တစ်ခုလို
ပစ်သွားခဲ့တာ.. ။ ‌ဒါပေမဲ့ အဘိုးက
ဘာမှမတော်စပ်တဲ့ လမ်းမပေါ်က
ကူကယ်ယာမဲ့ကလေးကို ‌မိုးတွေရွာတဲ့နေ့မှာ
ကယ်တင်ပေးခဲ့တယ်.. ။ အဘိုးသာ
မရှိရင် သူဆိုတဲ့ ကင်မ်ဆော့ဂျင်တောင်
ဖြစ်လာမှာမဟုတ်ဘူး ။ အဘိုးကတော့
သိမှာမဟုတ်ပါဘူး သူဒီအကြောင်းတွေ
သိနေခဲ့တယ်ဆိုတာ.. ။ ဒီလက်ထပ်ပွဲကလည်း
ငြင်းချင်ရင်ရရဲ့သားနဲ့ လက်ခံခဲ့တာဆိုတော့
အိမ်ထောင်ရေးကို အဆင်ပြေမယ်ထင်နေပုံပါပဲ ။
အဘိုးစိတ်ချမ်းသာအောင်လို့ပါ။ အဘိုးက
ဒီဟာဆိုရင် ကျွန်တော်က ဟိုဟာဆိုပြီး
ကန့်လန့်မတိုက်ချင်ဘူး ။ အဘိုးစကားကို
မြေဝယ်မကျနားထောင်ပြီး အဘိုးကို
စိတ်ချမ်းသာအောင်ထားနိုင်တဲ့ မြေး
တစ်ယောက်ပဲဖြစ်ချင်တာ..။ ပတ်ဝန်းကျင်ရဲ့
ကောင်းခြင်းမျက်နှာဖုံးကို လိုချင်တာလဲမဟုတ်ဘူး ။
ကင်မ်ဆော့ဂျင် ဂရုစိုက်တာ
အဘိုးတစ်ယောက်ထဲ။ အဘိုးတစ်ယောက်ထဲ
အကောင်းမြင်နေဖို့အရေးကြီးတယ် ။
ဒီမြေးကြောင့် အဘိုးစိတ်မဆင်းရဲရဖို့
အရေးကြီးတယ်..။ အဘိုးက သူနဲ့
ပတ်သတ်ပြီး ဘယ်တုန်းကမှ အလိုမကျခြင်း
မရှိခဲ့ပေမဲ့ပေါ့..။

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now