|Twelve

771 103 53
                                    

ဆော့ဂျင်စကားကုန်ပြောပြီးသည်နှင့်
နောက်လှည့်မကြည့်တော့ဘဲ အခန်းဆီ
မြန်ဆန်စွာတက်လာခဲ့တော့သည် ။
သူ့အခန်းတံခါးပွင့်သွားပြီး အိပ်ယာလေးကို
မြင်ရမှ ဆော့ဂျင် 'ဟင်း'ချနိုင်ကာ
‌တံခါးကိုဂျလက်ချခဲ့ပြီး အိစက်စက်
မွေ့ယာကြီးပေါ်ကို ခြေပစ်လက်ပစ်
လှဲပစ်လိုက်တော့သည်။

"သူတို့နဲ့နေရတာ တကယ်ရူးတော့မယ်.."

တကိုယ်ထဲကြားရုံရေရွတ်လိုက်မိတဲ့
စကားလေးတစ်ခွန်း...

အိပ်ယာပေါ် တစ်ခဏအနားယူရင်း
မျက်လုံးတွေကိုပိတ်လိုက်ချိန် အချိန်ကိုက်
ဝင်လာသည့် ဖုန်းringtone ။

"ကျစ် ! "

ဆော့ဂျင် လှဲနေရာမှထထိုင်လိုက်ပြီးနောက်
ရုံးအိတ်ထဲက ဖုန်းကိုနှိပ်ထုတ်ကာ နား၌
ကပ်ပြီး ပြီးလွယ်စီးလွယ်ထူးလိုက်၏..။

"မြေး.. အိမ်ပြန်ရောက်ပြီလား"

ဖုန်းမှတဆင့်ကြားတော်မူလိုက်ရသော
အဘိုးဖြစ်သူ အသံဩဇာကြောင့်
မှေးနေသောမျက်လုံးအစုံတို့ ချက်ချင်း
ပြူးကျယ်သွားကာ ကိုယ်ကိုအနည်းငယ်
မတ်လိုက်ပြီး..

"ဟုတ်ဘိုး..ကျွန်တော် အရေးကြီး
ဧည့်သည်တွေနဲ့သွားတွေ့နေရလို့
မလာဖြစ်တော့တာ.."

"ငါ့မြေးရယ် အလုပ်လုပ်တာလည်း
လုပ်ပေါ့..။ ကိုယ်ပိုင်ချိန်လေးဘာလေးလည်း
ထားဦး ။ အခုက မြေးဆီမှာ အလုပ်ကိစ္စ
အလုပ်ကိစ္စချည်းပဲ ထပ်နေပြီ မြေးသတိထားမိရဲ့လား
ဒီအဘိုးကြီးနဲ့အနေနီးပြီး မြေးပါအဘိုးကြီး
ဖြစ်သွားတော့မယ် ။ အခုမှ မြေး
အသက်ကငယ်ငယ်လေး ရှိသေးတာ..
အရာရာတိုင်းကို အလေးအနက်လိုက်လုပ်ပြီး
အချိန်ပြည့် မရင့်ကျက်နေစမ်းပါနဲ့
ငါ့မြေးလည်း အခြားလူငယ်တွေလို
ပျော်ခွင့်ရှိတယ် ။ မိုက်ရူးရဲဆန်ခွင့်ရှိတယ်..။
ကင်မ်ချန်းဂျူဆိုတဲ့ငါက
အသန်ကြီးရှိပါသေးတယ်ကွ
အလုပ်တွေကို တာဝန်ယူနိုင်တယ် ။
မြေးရဲ့ပခုံးနှစ်ဖက်အပေါ်မှာပဲ ဖိနှိပ်ပြီး
ထမ်းထားမနေနဲ့ ။ မကြာခင် အရပ်ပု
သွားတော့မယ်.."

"ဟ..ဟားး အဘိုးကတော့
မဟုတ်တာပြောပြီ..."

သူ့ရဲ့အစနောက်သန်တဲ့ ဘိုးဘိုးကြောင့်
ဆော့ဂျင်လွတ်လပ်စွာပင် ရယ်မောမိသည် ။
တစ်နေ့ခင်းလုံး စိတ်ပင်ပန်းခဲ့သမျှတွေ
အဘိုးရဲ့ ပြတ်လုံးတွေအောက်မှာ
ပြားပြားဝပ်ပြီး ဒီရယ်သံလေးတွေထဲ
ပါသွား‌ရပြီ..။

" 𝐄 𝐑 𝐑 𝐎 𝐑 "Where stories live. Discover now