နူတ်ခမ်းပါးရဲရဲကနေ တစ်ဆင့်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တို့နှင့်အတူ အထီးကျန်ခြင်းမည်သော ခံစားချက်အချို့ကို ဖြေဖျောက်လိုက်သည်။
လေနှင့်အတူရောထွေးနေသော မီးခိုရောင်ဆေးလိပ်ငွေ့တွေနှင့်အတူ အထီးကျန်နေတဲ့ အမျိုးသားငယ်တစ်ဦးဟာ ကားလမ်းမပေါ်ဖြတ်သန်းသွားလာနေတဲ့ကားတွေကို ခံစားချက်မဲ့စွာ ကြည့်လို့နေသည်။
"တင်းတောင်"
အကြားအာရုံထဲသို့ဝင်ရောက်လာတဲ့ လူခေါ်ဘဲလ်တီးသံကြောင့် လက်ထဲကဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲသို့ဖိချေကာ မီးငြိမ်းသတ်လိုက်သည်။
သူနေတဲ့တိုက်ခန်းသို့လာမည့်သူဆိုလို့ အစ်ကိုကလွဲရင်တစ်ခြားသူရှိမနေပါ။သူဆေးလိပ်တွေသောက်နေတာသာမြင်ရင် အစ်ကိုကစိတ်ဆိုးပါလိမ့်မည်။ အစ်ကိုကဆေးလိပ်သောက်တာကိုမကြိုက်ပါ။ သို့သော်လည်း သူအထီးကျန်လာတဲ့အချိန်တိုင်း ဒီဆေးလိပ်တွေကိုသောက်သုံးလို့ဖြေဖျောက်ရင်းက အခုဆိုအစ်ကိုမကြိုက်တဲ့ ဒီဆေးလိပ်တွေကို သူမက်မက်မောမောသောက်သုံးတတ်နေပြီဖြစ်သည်။
"ဘေဘီ မင်းဆေးလိပ်တွေသောက်ထားတာလား အခန်းတစ်ခုလုံးမွှန်ထူနေတာဘဲ"
လက်ထဲကပါလာတဲ့အထုပ်တွေကိုချရင်းကမေးလာတဲ့အစ်ကို။
"ဟုတ်တယ်အစ်ကို နည်းနည်းအထီးကျန်လာလို့ပါ စိတ်မဆိုးဘူးမလားအစ်ကို"
အထုပ်တွေချပြီးသွားပြီဖြစ်တဲ့အစ်ကိုက သူရပ်နေတဲ့အနားရောက်လာကာ ခါးသွယ်သွယ်ကိုနောက်ကနေခပ်ဖွဖွဖက်လို့ ပုခုံးတစ်ဖက်ပေါ်မေးဖျားတင်ကာ သက်ပြင်းဖွဖွချလို့....
"ကိုယ်ကဆွန်မင်းကိုစိတ်ပူလို့မေးတာပါ စိတ်မဆိုးပါဘူး တစ်ခါတစ်လေသောက်တာလောက်ကဘာမှမဖြစ်ပေမယ့်
အမြဲတမ်းသောက်ဖြစ်သွားရင် ကျန်းမာရေးအတွက်မကောင်းဘူးလေ အဲ့တာကြောင့်စွဲတော့မသောက်နဲ့နော် ဘယ်အရာမှစွဲသွားရင်မကောင်းဘူး""ဟုတ်ကဲ့အစ်ကို"
"ကိုယ့်ဘေဘီကလိမ္မာတယ်"
ဆွန်မင်းဆံပင်တွေကို ထိုးဖွလို့သဘောတကျပြုံးပြလာတဲ့အစ်ကိုဟာ အတော်လေးချောတဲ့ယောကျာ်းတစ်ယောက်ဖြစ်သည်။