"ဖြန်း!!"
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်အား ဖောက်ခွင်းလိုက်သည့်ခပ်ပြင်းပြင်းရိုက်ချလိုက်သည့်အသံတစ်ခုနှင့်အတူ လည်ထွက်လို့သွားတဲ့ မင်ဟိုရဲ့မျက်နှာ။
မင်ဟိုပူထူသွားတဲ့ပါးတစ်ဖက်အား လက်ဖဝါးနဲ့ဆုပ်ကိုင်ရင်း
ဆွန်းမင်းအားကြည့်မိတော့
မင်ဟိုအားစိတ်ပျက်နေသည့်အရိပ်ယောင်တို့နှင့်ကြည့်နေလေသော ဆွန်းမင်းရဲ့မျက်ဝန်းတို့နဲ့ဆုံလေသည်။"အစ်ကိုခင်ဗျားဘဲ ကျွန်တော့်ကိုချစ်တယ်ဆို။ ချစ်တယ်ဆိုရင် ဘာလို့များ ကျွန်တော့်အပေါ်ဒီလိုလုပ်ရက်ရတာလဲဗျာ"
"ဘုန်း ဘုန်း!!"
မင်ဟိုရင်ဘတ်တွေအား တဘုန်းဘုန်းထုရိုက်ကာမေးလာတဲ့ဆွန်းမင်း။
"ကိုယ်တောင်းပန်ပါတယ် ဘေဘီ။ မာမီ့ရောဂါကြောင့် လွန်ဆန်ဖို့မဖြစ်နိုင်လို့ ကိုယ်လက်ခံလိုက်ရတာပါ"
ဆွန်းမင်းကြားလိုက်ရသည့်စကားတွေကို ယုံပင်မယုံနိုင်။ လူတစ်ယောက်တည်းကို ဘာကြောင့်များ စကားကိုအမျိုးမျိုးပြောင်းပြောကာ တစ်ဖက်သားအားမျှော်လင့်ချက်တွေပေးပြီး နာကျင်ခိုင်းနေရတာလဲ။
"အစ်ကိုဘဲကတိပေးခဲ့တာမဟုတ်ဘူးလား။ ကျွန်တော့်ကိုမထားသွားပါဘူးလို့"
"ကိုယ်မင်းကိုထားမသွားပါဘူး ဘေဘီရယ်"
"အဲ့ အဲ့တာဆို ဘာကြောင့်များ အဲ့မိန်းမနဲ့စေ့စပ်လိုက်ရတာလဲ။ ကျွန်တော့်ကိုနားလည်အောင်လည်း ရှင်းပြပေးစမ်းပါဦးဗျာ"
"ကိုယ့်မာမီစိတ်ချမ်းသာဖို့အတွက် ကိုယ်ဒီစေ့စပ်ပွဲကိုလက်ခံပေးခဲ့တာပါ။ အဲ့တာထက်မပိုဘူး။ ကိုယ်အဲ့မိန်းကလေးကိုချစ်လည်းမချစ်ဘူး။ ကိုယ်တစ်ကယ်ချစ်တာ မင်းတစ်ယောက်တည်းပါ
ဘေဘီ။ ကိုယ်နဲ့အတူဘဝတစ်ခုလုံးအတူဖြတ်သန်းချင်မိတဲ့သူဟာလည်း မင်းပါဘဲ""ဟားဟားးဟားး"
ဆွန်းမင်းခေါင်းကိုမော့လို့ ခပ်ကျယ်ကျယ်အော်ရယ်လိုက်မိသည်။ အစ်ကိုကလူရွှင်တော်မဟုတ်ပါဘဲ ဘာကြောင့်များ ဟာသတွေပြောတဲ့နေရာမှာ
သိပ်တော်နေရတာလဲ။