LS(6)

105 11 0
                                    

"ဟော ဟိုမှာဂျီဆောင်းလာနေပြီအစ်ကို"

ဆွန်မင်းလက်ညိုးထိုးပြတဲ့ဘက်ကိုမင်ဟိုကြည့်လိုက်တော့ဟိုတယ်ကဝန်ထမ်းကောင်လေးနဲ့အတူ သူတို့ဆီကိုတန်းတန်းမတ်မတ်လျှောက်လာတဲ့ ဂျီဆောင်းဆိုတဲ့
ကောင်လေးရဲ့ပုံစံဟာ
အဝေးကကြည့်ရင်တောင် ခနဓာကိုယ်ကနေကိုယ်ရောင်ကိုယ်ဝါတွေထွက်နေသယောင် လူကြားထဲတွင်ထင်းထင်းလင်းလင်းရှိလွန်းလှသည်။

အဝေးကနေတောင်မြင်နေရတဲ့ အဲ့ဒီကောင်လေးမျက်ဝန်းတွေရဲ့ဦးတည်ရာဟာဘေဘီဆီကိုဦးတည်နေတာမြင်ရတော့ မင်ဟိုပေါင်ပေါ်တင်ထားတဲ့ မိမိလက်တို့ကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိသည်။

"စောင့်ရတာကြာသွားလားဆွန်းငယ် ဒီကိုမလာခင်ဒယ်ဒီနဲ့အလုပ်ကိစ္စပြောနေလို့နည်းနည်းကြာသွားတယ်"

"မကြာသေးပါဘူး ငါတို့လည်းခုဏကမှရောက်တာ"

ဘေဘီကိုဘဲကြည့်ကာစကားတွေပြောနေတဲ့ကောင်လေးပုံစံက မင်ဟိုကိုတောင်အရေးမစိုက်ဟန်။

"အစ်ကို ဒါကျွန်တော်ပြောတဲ့တစ်ယောက်လေ
ဂျီဆောင်း ဒါကငါ့ချစ်သူလီမင်ဟိုတဲ့"

"တွေ့ရတာဝမ်းသာပါတယ် ဟန်ဂျီဆောင်းပါဗျ"

လက်တစ်ဖက်ကမ်းပေးလာတဲ့ကောင်လေးကို မင်ဟိုပြုံးပြရင်းပြန်လည်လက်ဆွဲနူတ်ဆက်လိုက်သည်။  သူတို့နူတ်ဆက်ပြီးချိန် ဝိတ်တာကောင်လေးရောက်လာတာကြောင့် ကောင်လေးကဒီညအတွက်ဝိုင်ကို "သူ"ဧည့်ခံပါရစေဆိုကာ ဝိတ်တာကောင်လေးကို ဝိုင်မှာနေလေသည်။

ကောင်လေးကမင်ဟိုထက်အများကြီးငယ်ဦးမည်ထင်သည်။ လူချမ်းသာအသိုင်းဝိုင်းက သူဌေးသားလေးမှန်းသိသာလှသည်။ ရုပ်ရည်ကအစအထက်တန်းကျလှသည်။

တစ်ကိုယ်လုံးကိုသာမက ကိုင်ထားတဲ့အိတ်ကအစ Chanel Brandတွေကိုသာကိုင်ထားပုံအရ Chanel Brandကိုအတော်လေးသဘောကျပုံရသည်။

"ဘေဘီကိုယ့်ကိုခေါ်သွားချင်တဲ့နေရာက ဒီဟိုတယ်ပေါ့ဟုတ်လားဘေဘီ"

အထပ်ငါးဆယ်အဆောက်ဦးမို့အတော်လေးမြင့်လှသည်။ ဟိုတယ်ပေါ်ကနေမြင်ရတဲ့ ဆိုးလ်ရဲ့ညအလှကအတော်လေးလှသည်။ မင်ဟိုထိုရှု့ခင်းလှလှကိုငေးကြည့်ရင်း ဆွန်မင်းကိုမေးလိုက်သည်။

Love Story(2MinSung)Where stories live. Discover now