ဂျပန်ကပြန်ရောက်ရောက်ချင်း ဘေဘီဆီသွားပါမည်ဆိုတဲ့မင်ဟိုရဲ့အတွေးတို့ဟာ ကုမ္ပဏီမှာပြဿနာတတ်နေတဲ့ကိစ္စကို ဖြေရှင်းရဦးမှာမို့ ကုမ္ပဏီကိုသာအရင်ဦးတည်လိုက်ရသည်။
"ဘယ်လိုဖြစ်တာလည်း"
မင်ဟိုဌာနမှုးကိုကိုခေါ်ကာမေးလိုက်သည်။
"ကျွန်တော်တို့နောက်ထုတ်မယ့်ထုတ်ကုန်အသစ်နဲ့ပတ်သတ်တဲ့စာရွက်စာတမ်းတွေအကုန်ခိုးခံလိုက်ရတာပါသူဌေး"
"စီစီတီဗွီတွေစစ်ထားပြီးပြီလား"
"စစ်ကြည့်ပေမယ့် အချက်အလက်သိုလှောင်ခန်းကစီစီတီဗွီတွေအကုန်အဲ့တစ်ညစာလုံးအလုပ်မလုပ်ဘဲ အဖြတ်ခံထားရပါတယ်သူဌေး"
"အတွင်းလူထဲကလုပ်တာသေချာတယ် သေချာလေးစုံစမ်းပါဌာနမှူး ထုတ်ကုန်အသစ်အတွက်အစည်းဝေးကိုတော့ ခဏနေလုပ်ကြတာပေါ့"
မင်ဟိုမှာခရီးပန်းနေသော်လည်း မနားနိုင်ပေ။ ထုတ်ကုန်အသစ်ထုတ်မယ့်ရက်ကိုလည်း တရားဝင်ကြော်ငြာထားပြီးပြီမို့ နောက်ထပ်ကုန်အသစ်ကိုအမြန်ထပ်ထုတ်နိုင်မှအဆင်ပြေမည်ဖြစ်သည်။
မင်ဟိုတို့ကုမ္ပဏီဟာ ကိုရီးယားရဲ့အကြီးဆုံးကုမ္ပဏီတွေထဲမှာပါဝင်လေသည်။ လျှပ်စစ်ပစ္စည်းတွေကိုထုတ်တဲ့ကုမ္ပဏီတွေထဲမှာတော့ မင်ဟိုတို့ကုမ္ပဏီကအတော်လေးနမည်ရသည်။
ဒီတစ်ခေါက်ကလည်း ထုတ်ကုန်အသစ်အဖြစ်ထုတ်ဖို့ပြင်ထားတဲ့Air conပင်ဖြစ်သည်။ ဒီဇိုင်းပိုင်းနဲ့လုပ်ဆောင်မှုပိုင်းတွေကို သေချာလေးရေးဆွဲထားတာကြောင့် ဒီတစ်ခေါက်ထုတ်ကုန်ကိုမင်ဟိုအတော်လေးသဘောကျပါသည်ဆိုမှ အချက်အလက်တွေအခိုးခံရသည်ဆိုတော့ အတော်လေးလည်းဒေါသထွက်မိသည်။
သို့ပေမယ့်လည်းဒေါသထွက်နေရုံနဲ့မပြီးပေ။ ထုတ်ကုန်အသစ်ကိုအမြန်ထုတ်နိုင်ဖို့အတွက် လုပ်ရပေဦးမည်။
"တစ်ခြားပစ္စည်းမထုတ်ဘဲ Air Conဘဲကျွန်တော်တို့လည်းထုတ်မယ် ဒီဇိုင်းပိုင်းနဲ့လုပ်ဆောင်မှုအပိုင်းတွေကိုနှစ်ဆထက်တင်ပေးပြီး ကိုရီးယားမှာနမည်အကြီးဆုံးအိုင်ဒေါလ်တစ်ယောက်ကိုမော်ဒယ်လ်အဖြစ်ငှားပြီးကြော်ငြာရိုက်မယ် ကျွန်တော်တို့ထုတ်ကုန်ကိုခိုးသွားတဲ့လူတွေကို ကျွန်တော်တို့ဟာ သူတို့လိုလူတွေထက် ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိကြောင်းကိုပြရမယ်"