ညကရေပန်းအောက်အကြာကြီးရပ်ကာနေမိတဲ့အကျိုးဆက်က အခုတော့ လူတစ်ကိုယ်လုံးမလှုပ်နိုင်အောင်နာကျင်နေရသည်။
အမှတ်မရှိတဲ့နှလုံးသားက အခုလိုဖျားနာနေတဲ့အချိန်မှာအစ်ကို့ကိုဘေးမှာရှိနေစေချင်တာကြောင့် ဖုန်းတွေဆက်တိုက်ခေါ်နေမိပေမယ့် တစ်ဖက်ကပြန်လည်ဖြေကြားခြင်းမရှိသေးတာကြောင့် လူကပိုပြီးဝမ်းနည်းလာရသည်။စိတ်ပင်ပန်းနေပြီဖြစ်တာကြောင့် ဖုန်းလေးကိုစက်ပိတ်ရန်အလုပ် ဟန်ဂျီဆောင်းဆီကဖုန်းဝင်လာတာကြောင့် ဆွန်မင်းဖုန်းစက်မပိတ်သေးဘဲ ကိုင်လိုက်သည်။
"ဆွန်းငယ် ဘာလုပ်နေလဲ"
"ဘာမှမလုပ်ဘူး နေမကောင်းလို့အိပ်နေတာ"
"နေမကောင်းဘူးဟုတ်လား ဆေးကောသောက်ထားလားဆွန်းငယ် မသောက်ရသေးရင်သောက်လိုက်ဦးနော် နေပါဦးဆေးသောက်ဖို့ဆိုအစာစားဖို့လိုသေးတာဘဲ ခင်ဗျားဘာစားပြီးပြီလဲဆွန်းငယ်"
"ဘာမှမစားရသေးဘူး"
"ဟာဗျာ မနက်စာစားချိန်တောင်ကျော်နေပြီလေဗျာ အခုထိဘာမှမစားရသေးဘူးလား မဖြစ်သေးပါဘူးဆွန်းငယ်ဆီကျွန်တော်လာခဲ့မယ်"
ကျသွားပြီဖြစ်တဲ့ဖုန်းလေးကိုကြည့်ရင်း ဆွန်မင်းရင်ထဲနွေးထွေးမှုလေးတစ်ခုဖြတ်စီးဆင်းလို့သွားလေသည်။ ဖုန်းထဲကတစ်ဆင့်
ဂျီဆောင်းရဲ့စိုးရိမ်စိတ်တို့ကို ဆွန်မင်းခံစားမိပါသည်။ခဏအကြာမှာတံခါးကိုလာခေါက်တဲ့အသံကြောင့်ဆွန်မင်းထကာဖွင့်ပေးလိုက်တော့ အခန်းထဲဝင်လာတဲ့ဂျီဆောင်း။
"ခဏထိုင်ဦးဆွန်းငယ် အိမ်တော်ထိန်းကြီးကိုဆန်ပြုတ်လာပို့ပေးဖို့ပြောထားတယ် ခဏနေလာလိမ့်မယ်"
"အစကကျွန်တော့်ဘာသာလုပ်ကျွေးမလို့လုပ်ထားပေမယ့် ကျွန်တော်ကခေါက်ဆွဲတောင်မပြုတ်တတ်တဲ့သူမို့ စားမကောင်းရင်ဆွန်းငယ်အတွက်အဆင်မပြေမှာစိုးလို့ အိမ်ကိုဘဲလာပို့ခိုင်းလိုက်တာ"
ရေခဲသေတ္တာထဲကရေခဲအချို့ကိုလည်းထုတ်ကာ မနားတမ်းပြောနေတဲ့ဂျီဆောင်းကိုကြည့်ရင်း အရင်ကဒီကောင်လေးအပေါ်အမြင်မကြည်ခဲ့ဖူးတဲ့အချိန်တွေကြောင့်ဆွန်မင်းအားနာရသည်။