"အစ်ကိုဒီနေ့ကကျွန်တော်တို့ချစ်သူသက်တမ်း(၅)နှစ်ပြည့်သိလား။အဲ့တာအစ်ကိုအားရင်ကျွန်တော့်ဆီလာခဲ့ပေးပါလား။ ကျွန်တော်တို့(-----)ရုပ်ရှင်ရုံမှာရုပ်ရှင်သွားကြည့်ရအောင်"ဆိုတဲ့ မက်ဆေ့လေးတစ်စောင်ဟာ ဘေဘီဆိုတဲ့နမ်စားတစ်ခုနဲ့မင်ဟိုဖုန်းထဲကိုဝင်လာလေသည်။
သူမ ထိုမက်ဆေ့ကိုမြင်တော့ ချက်ချင်းပင်ဖျက်လိုက်သည်။ ဒါအန်တီပြောဖူးတဲ့ မင်ဟိုရဲ့ရည်းစားဆိုတဲ့ကောင်လေးဆီကဖြစ်မည်။ လူကြီးမိဘတွေစီစဥ်ပေးလို့သဘောကျလက်ခံလိုက်တာထက် သူမကိုယ်တိုင်ကလည်းမင်ဟိုအပေါ်မေတ္တာရှိတာကြောင့်လည်း ဒီနှစ်ကုန်ပိုင်းလောက်ပြုလုပ်ပေးမယ့် သူမနဲ့မင်ဟိုရဲ့စေ့စပ်ပွဲကိုလက်ခံလိုက်ခြင်းဖြစ်သည်။
အတ္တကြီးတယ်ဘဲဆိုဆို မိမိနဲ့သက်ဆိုင်သောလူကို တစ်ပါးသူအား မေတ္တာကြီးကာထိုးထည့်ပေးမယ့်ထဲသူမမပါပေ။ ထိုကြောင့်လည်း မင်ဟိုကိုမသွားစေချင်တာကြောင့် ဟိုကောင်လေးဆီကမက်ဆေ့ကိုဖျက်လိုက်ခြင်းဖြစ်သည်။
"ကိုယ်တို့သွားကြတော့မလားနာယောင်း"
သန့်စင်ခန်းကပြန်လာသောမင်ဟိုကမေးလာတာကြောင့် သူမခေါင်းငြိမ့်လို့ပြုံးပြလိုက်သည်။
"မင်ဟိုအိုပါးဒီကအပြန်
နာယောင်းတို့ရုပ်ရှင်သွားကြည့်ရအောင်လား အိုပါးလည်းဒီနေ့နားရက်ယူထားတာဘဲမလား"မာမီ့အကြိုက်မိန်းကလေးမို့ မလိုက်ချင်ဘူးငြင်းလိုက်ရင်လည်း မာမီ့ကိုပြန်တိုင်ရင် မာမီနဲ့စကားများနေရပြန်ဦးမည်မို့ ရုပ်ရှင်သွားကြည့်ဖို့ကို မင်ဟိုလက်ခံလိုက်သည်။ ဒီနေ့ကမာမီ့ရဲ့အမိန့်နဲ့အားလပ်ရက်မဟုတ်ပေမယ့်လည်း သူမပြောအားလပ်ရပ်ဖြစ်နေတာအပြင် ငြင်းရမှာအားနာတာကြောင့် လက်ခံလိုက်ခြင်းဖြစ်သည်။
"နာယောင်းသွားချင်သွားလေ"
"ဟွန့် အိုပါးကလည်းနာယောင်းတစ်ယောက်တည်းဘဲသွားချင်နေရင်မတရားရာကျမှာပေါ့ အိုပါးမလိုက်ချင်ရင်နေပါ။
နာယောင်းကဇွတ်အတင်းမခေါ်ပါဘူး"