"မနေ့ကဘေဘီမွေးနေ့ကို မလာနိုင်တာကိုစိတ်မဆိုးဘူးမလားဟင်"
ဆွန်မင်းပါးတစ်ဖက်ကိုအနမ်းပေးရင်းပြောလာတဲ့အစ်ကို။
စိတ်မဆိုးဘူးမလားဆိုတဲ့စကားအရ အစ်ကိုဟာဆွန်မင်းရဲ့ခံစားချက်တွေကို မသိဟန်ဆောင်လိုက်တာဘဲမလား။"အွန်း စိတ်မဆိုးပါဘူး မွေးနေ့လေးတစ်ခုဘဲလေ အရေးကြီးတာမှမဟုတ်တာ"
ကျွန်တော်စိတ်မဆိုးဘူးအစ်ကို။ ကျွန်တော်ဝမ်းနည်းတာ၊ အထီးကျန်တာ အစ်ကိုရဲ့ပစ်ပယ်ထားခြင်းတွေကြားမှာ အထီးကျန်နေတာ။
ထိုခံစားချက်တွေကိုတော့ ထုတ်ဖော်မပြတော့ဘူးအစ်ကို။မချစ်တော့တာမျိုးကြောင့်မဟုတ်ဘူးအစ်ကို။ မိသားစုနဲ့အဆင်မပြေရတဲ့ကြားက ကျွန်တော်ကပါပြဿနာရှာမိရင်
အစ်ကိုဘဲပင်ပန်းရမှာစိုးလို့ပါ။"ကိုယ် ဘေဘီမွေးနေ့ကိုအရေးမကြီးတဲ့ကိစ္စလို့သဘောထားပြီးမလာတာမဟုတ်ပါဘူး ကိုယ်အိမ်ကနေဒီလာခါနီး မာမီနဲ့စကားများရာက လာလို့အဆင်မပြေတော့လို့ပါ ကိုယ့်ကိုနားလည်တယ်မလား"
"အွန်း နားလည်တာပေါ့"
ကျွန်တော် အစ်ကို့အပေါ်နားလည်ပေးနိုင်လွန်းလို့ ကျွန်တော့်ခံစားချက်တွေကိုတောင် မဖွင်ဟပြနိုင်တော့ဘူးအစ်ကို။
ကျွန်တော်ပင်ပန်းနေပြီ။ အစ်ကိုကတိပေးထားသလိုမျိုး ကျွန်တော်တို့နှစ်ယောက်တည်းသီးသန့်ကမ္ဘာတည်ဆောက်ပေးမယ်ဆိုတဲ့ နေ့ရက်တွေရောက်မလာမှာကို ကျွန်တော်စိုးတယ်။
"ကိုယ်အလုပ်ကိစ္စနဲ့ဂျပန်ကိုတစ်လလောက်သွားရမှာ ဘေဘီဘာမှာချင်သေးလဲ ကိုယ်ဝယ်ခဲ့ပေးမယ်"
"ဟင့်အင်းမမှာတော့ဘူးအစ်ကို
ကျွန်တော့်အတွက်ဘာမှမလိုပါဘူး အစ်ကို့ကိုဘဲလိုတာမို့ အလုပ်တွေပြီးတာနဲ့ ဟိုကပြန်ရောက်ရောက်ချင်း ကျွန်တော့်ကိုအရင်ဆုံးလာတွေ့ပေးပါလား"ချစ်ရသူရဲ့တောင်းဆိုသံဟာ တိုးတိုးလျလျလေးပါဘဲ။ သို့သော်လည်း မင်ဟိုရင်ကိုအတော်လေးနာကျင်စေသည်။
ကလေးငယ် ဘယ်လောက်ထိအထီးကျန်နေသလဲဆိုတာ မပြောပြလည်း မင်ဟိုခံစားမိပါသည်။
