"ဆွန်းငယ် အာညော်"
ဆွန်မင်းမနက်ခင်းလေးဟာ ဒီဟန်ဂျီဆောင်းဆိုတဲ့ကောင်လေးကြောင့် မလှပတော့ပေ။
ဒီကောင်လေးဟာ ဘယ်တုန်းကများ ဆွန်မင်းနေတဲ့တိုက်ခန်းကို
သိသွားရတာလဲ။"ငါနေတဲ့တိုက်ခန်းအထိလိုက်လာတာကတော့ နည်းနည်းလွန်တယ်မထင်ဘူးလား ဟန်ဂျီဆောင်းရှီးးး"
ဆွန်မင်းစကားကို အံ့သြသွားသည့်ဟန်ဖြင့် ပါးစပ်လေးဟကာ လက်ဖဝါးတစ်ဖက်နဲ့အုပ်ပြလို့ ခပ်တိုးတိုးလေးရယ်လာလေသည်။
"ကျွန်တော်ကဆွန်းငယ်နောက်လိုက်တာမဟုတ်ပါဘူး
ဒီတိုက်ခန်းမှာ ဆွန်းငယ်နေမှန်းတောင်မသိဘူး"ဂျီဆောင်းကိုမယုံကြည်လေသည့်သဘောဖြင့် စိုက်ကြည့်လာတဲ့ မျက်ဝန်းလေးတွေကအစ ချစ်စရာကောင်းလှလေသည်။
"တစ်ကယ်ပြောနေတာ ဒါနဲ့နောက်ဆိုကျွန်တော်တို့အိမ်နီးနားခြင်းဖြစ်တော့မှာ ဆွန်းငယ်"
ဂျီဆောင်းစကားကို နားမလည်ဟန်ကြည့်လာတဲ့မျက်ဝန်းလေးတွေ။
"ကျွန်တော်ဒီနေ့ကစပြီး အခန်းနံပါတ်၁၀၇မှာနေတော့မှာလေ
အိမ်နီးချင်းတွေဖြစ်လာပြီဘဲ
ရင်းရင်းနှီးနှီးနေကြရအောင်"လက်တစ်ဖက်ကမ်းပေးလာတာကို မမြင်ဟန်ဆောင်ကာ ဆွန်မင်းနဲ့မျက်စောင်းထိုးသုံးခန်းအကျော်က အခန်းနံပါတ်၁၀၇ကိုလှမ်းလို့ကြည့်မိတော့ အခန်းရှေ့မှာ အထုပ်ကြီး၊ အထုပ်ငယ်တွေ သယ်ကာချနေကြတဲ့လူတွေကိုကြည့်ရင်း ဆွန်မင်းသက်ပြင်းသဲ့သဲ့ချမိလိုက်သည်။
"မရင်းနှီးချင်တာမို့ ဆောရီးပါ"
မိတ်ဆွေဖွဲ့ရန်ကမ်းလို့လာတဲ့လက်တစ်ဖက်ကို ဆွန်မင်းပုတ်ထုတ်လို့ သူ့အခန်းထဲဘဲပြန်ဝင်လာလိုက်သည်။
တိုက်ခန်းဘေးက မနက်တိုင်းသူထိုင်နေကြကော်ဖီဆိုင်လေးကို
ဒီဟန်ဂျီဆောင်းဆိုတဲ့ကောင်လေးကြောင့် မသွားဖြစ်လိုက်တော့ပေ။ တစ်ကယ့်ကိုစိတ်အနှောက်ယှက်ပေးတဲ့ကောင်လေး။တစ်ဖက်ကဂျီဆောင်းမှာတော့ သူ့လက်ကိုပုတ်ထုတ်ကာ အခန်းထဲဝင်သွားပြီဖြစ်တဲ့ဆွန်းငယ်ကိုကြည့်ရင်း သဘောတကျရယ်မိလိုက်သည်။ စိတ်တိုသွားတာလေးကတောင် ဒီလောက်ချစ်စရာကောင်းနေတာ မလွန်ဘူးလားဆွန်းငယ်ရယ်။
![](https://img.wattpad.com/cover/367520396-288-k684608.jpg)