"ဒီကိုလာထိုင်လှည့်ဘေဘီ။ ကိုယ်တို့စကားပြောဖို့လိုနေပြီ"
ဧည့်ခန်းထဲတွင်ထိုင်နေသော
မင်ဟိုအား မမြင်ချင်ယောင်ဆောင်ကာကျော်သွားဖို့အလုပ် မင်ဟိုကဦးစွာခေါ်လိုက်သဖြင့်
ဆွန်းမင်းလေးတိလေးကန်ခြေလှမ်းတွေဖြင့် မင်ဟိုအနားသွားကာ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်လေသည်။"ကိုယ့်ကိုတစ်ပတ်လုံးလုံးရှောင်နေရတဲ့အကြောင်းအရင်းက
ဟန်ဂျီဆောင်းနဲ့ဖြစ်ချင်တိုင်းဖြစ်ဖို့အတွက်လား ဘေဘီ"အစ်ကို့ရဲ့စကားအဆုံး ဆွန်းမင်းဒေါသတို့ငယ်ထိပ်သို့ရောက်လို့သွားလေသည်။ အစ်ကို့ရဲ့စကားတွေက ဆွန်းမင်းရဲ့ကိုယ်ကျင့်တရား၊ သိက္ခာတို့အပြင် အစ်ကို့အပေါ်ထားတဲ့အချစ်တို့ကိုပါ စော်ကားနေခြင်းဖြစ်သည်။
"အစ်ကိုပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကိုကော အစ်ကိုသိရဲ့လား"
အံ့သြခြင်းများစွာနဲ့မေးလာတဲ့ဆွန်းမင်း။
"ကိုယ်မေးတာကိုဘဲ အရိုးသားဆုံးဖြေစမ်းပါဆွန်းမင်း။ မင်းနဲ့ဟန်ဂျီဆောင်းကဘာတွေလဲ။ ငါ့ကွယ်ရာမှာဖောက်ပြန်နေတာလား"
သည်းခံပေးဖို့ဆုံးဖြတ်ထားတဲ့ ဆွန်းမင်းရဲ့စိတ်တို့ အစ်ကို့ရဲ့ဖောက်ပြန်နေတာလားဆိုသည့်
စကားတစ်ခွန်းကြောင့် တာကျိုးကာပျက်စီးလို့သွားလေသည်။ဘယ်အတွက်ကြောင့်များ ဤစကားအားအစ်ကိုဟာ ပြောထွက်လာရသနည်း။ ဆွန်းမင်း
အစ်ကို့အပေါ်ထားတဲ့အချစ်တွေက အဲ့လောက်တောင်ယုံကြည်မှုကင်းမဲ့စေခဲ့လေသလား။"ဖြန်း"
တလိပ်လိပ်တက်လာတဲ့ဒေါသတို့ရဲ့တုန့်ပြန့်မှုက အစ်ကို့ပါးပြင်တစ်ဖက်အား ဆွန်းမင်းရိုက်လိုက်မိစေခြင်းဖြစ်သည်။
"ကျွန်တော့်အချစ်ကအဲ့လောက်တောင်စျေးပေါခဲ့တာလား။ ခင်ဗျားစော်ကားပြောဆိုချင်တိုင်းပြောလို့ရလောက်တဲ့အထိ ပေါပေါပဲပဲဖြစ်ခဲ့တာလားအစ်ကို။ ကျွန်တော့်ကိုဖောက်ပြန်တယ်ဆိုတဲ့စကားကိုပြောဖို့ အစ်ကိုဘယ်လိုများပြောထွက်ရက်ရတာလဲ။ ကျွန်တော်အစ်ကို့ကိုရှောင်နေမိတာဟာ အစ်ကိုကျွန်တော့်ကိုထားသွားမှာကိုကြောက်လို့။ ကျွန်တော်မဟုတ်တဲ့ အဲ့ဒီမိန်းကလေးကို အစ်ကိုရွေးချယ်သွားမှာကိုကြောက်လို့ရှောင်ဖယ်မိရုံလေးတစ်ခုဘဲအစ်ကို။ အစ်ကိုပြောတဲ့ဖောက်ပြန်ဖို့အတွက် ကျွန်တော်ရှောင်နေခဲ့တာမဟုတ်ဘူးအစ်ကို"