ep 3(Unicode)

39.7K 862 87
                                    


A/N - ယခုpartတွင် 18+ warning
ပေးထားသည့် စာအရေးအသားများ
ပါဝင်လာမှာမို့ အသက်ပြည့်ပြီးသား
လူငယ်များသာ ဖတ်ကြရန်သတိပေးပါရစေ။

.....................................

သန့်စင်ခန်းထဲတွင် အခြားဘယ်သူမှ
မရှိဘူးအထင်နှင့်  Pheromoneများ
အဆက်မပြတ်စိမ့်ထွက်လာသည်ကို
မထိန်းချုပ်ထားမိပေ။ အခုမှ
ပြန်ထိန်းချုပ်ဖို့လည်း မစွမ်းနိုင်။
လူတစ်ကိုယ်လုံးက အားအင်ကုန်ခမ်းနေပြီဖြစ်သည်။ နောက်ကျောဘက်က
လာနေသူသည် Alpha ဖြစ်မည်။
ကိုယ့်အနံ့ကြောင့် စိတ်ရှုပ်ထွေးသွားပုံရ၏
ဒေါသတကြီးနဲ့ ဒီဘက်ကို လျှောက်လာနေသည်။ ဘယ်လိုလုပ်ရပါ့မလဲ။
အရှက်တွေတော့ ကွဲပြီနဲ့တူပါရဲ့။

Reply>>>>> ဘာမှမပြောဘဲ ပြင်းထန်သည့်  Pheromoneများကိုသာ ထုတ်လွှင့်နေဆဲ
လူကြောင့် ခေတ်ဟောင်း
အတော်လေးစိတ်အချဉ်ဖောက်လာသည်။
ထိုလူအနားသို့ ခြေလှမ်းကျဲများနှင့်
လျှောက်သွားပြီး တုန်ရီနေသော
ပခုံးတစ်ဖက်ကို အကြမ်းပတမ်းကိုင်ကာ
သူ့အရှေ့ဘက်သို့ ဆွဲလှည့်လိုက်သည်။
ထိုအခိုက်မှာပဲ မျက်နှာကို
လက်ဖဝါးနှစ်ဖက်ဖြင့်
တင်ကျပ်စွာဖုံအုပ်ထားသူကို
အံ့သြဖွယ်တွေ့လိုက်ရသည်။

"what! Omega boyလား!!"

ယောကျ်ားတစ်ယောက်မှန်း သိသာလွန်းပေမဲ့
မျက်နှာမတွေ့ရတော့ ခေတ်ဟောင်း
အလိုမကျစွာ‌ မျက်မှောက်ကြုတ်လိုက်သည်။
အင်္ဂလန်မှာတွေ့ခဲ့ရဖူးသည့်
Omega boyများက ပုံမှန်တွေ့နေကျ
Omega girlများနဲ့ သိပ်မကွာမခြား၍
မြန်မာနိုင်ငံက Omega boy ပုံစံကို
အလွန်းစိတ်ဝင်စားသည်။ ခေတ်ဟောင်း
ဘာစကားမှမဆိုနိုင်ဘဲ အရှေ့က
ယုန်သူငယ်လေးလို တုန်ရီနေသူကို
ခနမျှငေးကြည့်နေမိသည်။

Heatကာလမှာ ထုတ်လွှင့်တဲ့Pheromone
ရနံ့က အခြားOmegaတွေနဲ့ ကွာခြားသည်။
မွှေးမွှေးသင်းသင်းလေနဲ့
ဆွဲဆောင်မှုအပြည့်ရှိသည်။
မျက်နှာကို တင်ကျပ်စွာဖုံးအုပ်ထားသော
လက်ချောင်းလေးတွေက အမွေးအမျှင်ကင်းမဲ့ကာ ဖြူဖြူသွယ်သွယ်လေး။
ခန္ဓာကိုယ်ကောက်ကြောင်းက
Betaတစ်ယောက်နဲ့ ဆင်တူသော်
အနည်းငယ်ကွဲပြားနေပြန်သည်။ အခြားOmegaထက် ပိုမြင့်တဲ့ အရပ်အမောင်း၊  အရမ်းမပိန်ပဲ ခပ်လုံးလုံး
သွယ်သွယ်လေးဖြစ်နေတဲ့ ကိုယ်လုံးလေး။
ပိတုန်းရောင် ဆံသားများကို
မြန်မာအုန်ဆီလိမ်းထားပုံရသည်
တဘေးခွဲထားသည်။
အရှေ့ကOmega boyမျက်နှာကို
မမြင်ရသေးပေမဲ့ ဒီလူက
...........that's my typ!!။

I Hate You Where stories live. Discover now