ep 9 (Unicode)

27.3K 692 59
                                    

A/N.........+Warningပါသည့် partမို့
အသက်ပြည့်သူများသာ ဖတ်ကြရန်
သတိပေးပါသည်။⚠️
............................

စိန်ထည်ပြပွဲကြီးမတိုင်မီ
ညနေပိုင်းအချိန်ကတည်းက
ကားပြန်ရွေးထား၍ လွန်ခဲ့သော
ရက်များကလို ကားငှားပြန်စရာမလို။
ကားပါကင်မှာ ဂိတ်ထိုးထားသည့်
ကားရှိရာဆီသို့ လျှောက်လှမ်းနေသော
ခြေလှမ်းတို့ဟာ လုံးဝမူမမှန်နေ။ အရှေ့သို့
တစ်လှမ်း လှမ်းလျှင် အနောက်ဘက်သို့
သုံးလှမ်းလောက် ပြန်ပြန်လည်သွားတက်သည်။

ခေါင်းတစ်ခုလုံး အုံမှိုင်းနေပြီး
လည်ချောင်းနှင့် ဝမ်းဗိုက်အတွင်းမှာ
ပူစပ်ပူလောင်ဖြင့် နေရခက်နေသည်။
စိန်ထည်ပြပွဲအခမ်းအနားမှာ သောက်ခဲ့တာ
အအေးတစ်ခွက်သာရှိသည်။ ဒါပေမဲ့ အခုက
ဝိုင်သောက်ထားသလို မူးဝေနေပြီး 
မြင်ကွင်းများပင် ကျဥ်းမြောင်းနေ၏။

ခေါင်းအား ခပ်ကြမ်းကြမ်းခါယမ်းပြီး
မျက်လုံးနှစ်ဖက်ကို အစွမ်းကုန််ပြူးပြဲထားရသည်။
ယိုင်တီးယိုင်တိုင် ခြေလှမ်းတို့နှင့်
ကားရှိရာဆီသို့ မရမကလျှောက်သွားသည်။
အဖြူရောင်မော်ဒယ်မြင့် TOYOTA
ကားအနားရောက်တော့
ကုတ်အင်္ကျီအိတ်ကပ်ထဲက ကားသော့ကို
လိုက်လံစမ်းယူလိုက်သည်။

"အင့်!!"

အနက်ရောင်ကားသော့ ခလုတ်
လက်ထဲရောက်လာချိန် မူးဝေလွန်းလာတဲ့
ခေါင်းကြောင့် ကားတံခါးကို ကျောမှီလိုက်ရသည်။
မူးဝေနေယုံကလွဲရင် အသိစိတ်က ပှံမှန်ပင်။

အချိန်တော်တော်လစ်နေပြီမှန်း ခန့်မှန်းမိ၍
ကားတံခါးအား မှီထားရာမှ အားတင်းပြီး
ခေါင်းထောင်လိုက်သည်။ နားထင်တစ်ဖက်ကို
လက်တစ်ဖက်နဲ့ ဖိနိုပ်ထားပြီး ကားသော့
ခလုတ်ကိုနိုပ်မည်အပြု........

ဒုန်း!
(ကားတံခါးနှင့် ကျောပြင် ဆွဲဆောင့်ခံလိုက်ရ)

"အ့!"

ချွင်! (ကျောပြင်အောင့်သွား၍ လက်ထဲက
ကားသော့ကို လွတ်ချလိုက်မိသည်)

အွတ်!!

ပြွတ်ပြွတ် ပြွတ်စ်!!!!

ရုတ်တရက် လူတစ်ယောက်က
တိမ်ယံကိုယ်ကို ကားနှင့် အတင်းဖိကပ်ပစ်ပြီး
လက်ကောက်ဝတ်နှစ်ဖက်ကို
ထိန်ချုပ်ကိုင်လျက် ခေါင်းပေါ်
မြှောက်တင်လိုက်သည်။ တိမ်ယံ
လှုပ်ရှားမရဖြစ်နေချိန် သူ့နှုတ်ခမ်းပါးတစ်စုံကို
ထိုလူ ရမ္မက်ကြီးစွာ အငမ်းမရစုပ်ယူလေသည်။

I Hate You Where stories live. Discover now