ep 14(Unicode)

20.5K 759 236
                                    

.................................

"အကို သံပရာရည်လေးသောက်ပါဦး"

"ကျေးဇူးပဲ"

"ဟုတ်ကဲ့"

ကုမ္ပဏီဝန်ထမ်းကောင်လေးက
အအေးခွက်ပို့ပေးပြီးသည်နှင့် ရုံးခန်းထဲကနေ
ထွက်သွားလေတော့ ရှိန်ထက် ရုံးခန်းထဲမှာ
တိမ်ယံတစ်ယောက်တည်း ငူငူကြီးထိုင်လျက် ကျန်ရစ်နေသည်။ မနေ့ကတည်းက
ရင်ထဲမှာ မအီမသာဖြစ်နေခဲ့သည်မို့
ဝန်ထမ်းကောင်လေး လာပို့ပေးသွားသော
သံပရာရည်ကို တစ်ချိုးတည်း
မော့သောက်လိုက်သည်။
သံပရာသီး၏ အချဥ်ဓာတ်ကြောင့်ဖြစ်မည်
ခေါင်းနည်းနည်းကြည်လင်းလာကာ
ရင်ထဲမှာ အအီပြေသွားသလိုပင်။
အခုတစ်လော သံပရာရည်လို
ခပ်ချဥ်ချဥ်ဖျော်ရည်နှင့် သရက်သီး၊
စပျစ်သီး၊ စတော်ဘယ်ရီသီးလို
ချိုချဥ်အသီးတွေကိုပဲ စားချင်သည့်စိတ်က
မကြာမဏ ဖြစ်ပေါ်လာတက်သည်။

အန်တာရပ်သွားပေမဲ့ လူက အခုထိ
မလှုပ်ချင်မကိုင်ချင်ဖြင့် နုံးချည့်နေ၏။
ဒါပေမဲ့ အလုပ်မလုပ်ဘဲနဲ့တော့ ဒီအတိုင်း
အိပ်ရာထဲမှာ မလှဲနေချင်။ ကိုရှိန်
အလုပ်ကိစ္စတိုင်ပင်ဆွေးနွေးစရာ
ရှိသည်ဆို၍ ဖုန်းလှမ်းဆက်ခဲ့တော့
ပျင်းနေတာနဲ့အတော်ဖြစ်သွားရသည်။
ဟိုခွေးကောင်လည်း အိပ်နေတာမို့
သူမသိအောင် ကိုရှိန်ဆီ ထွက်လာခဲ့လိုက်သည်။

ကိုရှိန်နဲ့ အဆက်အသွယ်ပြတ်နေတာ
တစ်ပတ်လောက်ထိ ရှိနေပြီမို့ ကိုရှိန်ကို
ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိ။
ကိုရှိန် သူ့ရုံးခန်းထဲမှာ ကိုယ့်ကို
ထိုင်စောင့်ခိုင်းထားပြီး သူကျတော့
အခုထိ ပေါ်မလာသေး။ ခေတ်ဟောင်းနဲ့
လက်ထပ်လိုက်လို့ ကိုယ့်ကို ကိုရှိန်
စိတ်ခုနေပုံရသည်။ ဖုန်းပြောတုန်းက
ကိုရှိန်အသံက ပြတ်သားရှင်းလင်းနေသည်။
အလုပ်ကိစ္စနဲ့မို့သာ ကိုရှိန်ဆီလာရတာ
စိတ်ထဲမှာတော့ သိပ်ဘဝင်မကျနေ။

ချပ်!!

တံခါးဖွင့်သံကြားသည်နှင့် တိမ်ယံ
ငေးနေတာတွေ၊ တွေးနေတာတွေ
အကုန်လုံးကို ရပ်တန့်လိုက်ပြီး
ကိုယ်နေကိုယ်ဟန်ကို
ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။ ရှိန်ထက်
သူ့ရုံးခန်းထဲသို့ရောက်တော့ တိမ်ယံကို
စူးရဲစွာ စိုက်ကြည့်လေသည်။ တိမ်ယံကို
စိုက်ကြည့်နေရင်းမှ
မေးရိုးတင်းကားသည့်အထိ
အံကြိတ်ထား၏။ ရှိန်ထက်
အကြည့်စူးစူးကြောင့်
တိမ်ယံ ကျောမလုံသလိုခံစားနေရ၍
ခန္ဓာကိုယ်လေးကို တစ်ချက်တစ်ချက်
လှုပ်နေမိသည်။

I Hate You Where stories live. Discover now