AN/ +Warningပါသည့် partမို့
အသက်ပြည့်သူများသာ
ဖတ်ကြရန် သတိပေးပါရစေ။*...............................
ခေတ်ဟောင်း ရေချိုးမယ်ဟုဆိုကာ
ထုံစံအတိုင်း တိမ်ယံကို အတင်းအဓမ္မ
ရေပူ ရေအေး စပ်ခိုင်းသည်။
ပြဿနာသေးသေးလေးကို
အကျယ်အကျယ် မဖြစ်ချင်၍
ခေတ်ဟောင်း အမိန့်ကို တိမ်ယံ
နာခံသလိုဖြစ်သွားခဲ့ရသည်။
ခေတ်ဟောင်း နေထိုင်မကောင်းဖြစ်ရတာ
သူ့ပရောဂမကင်း၍
အောင့်သက်သက်နှင့်သာ
အရိုင်းအစိုင်းကောင် ရေချိုးဖို့ရန်အတွက်
အကုန်အဆင်သင့်ပြင်ဆင်ပေးဖြစ်ခဲ့သည်။ရေချိုးခန်းထဲကနေ တိမ်ယံ
ချွေးစေးများနှင့် ပင်ပန်းနုံချာစွာ
ထွက်လာသည့်အချိန် ရေချိုးရန်အတွက်
အဝတ်အစားအကုန်ချွတ်ထားပြီး
အောင်ပိုင်းကိုသာ တဘက်တစ်ထည်တည်း
ပတ်ထားသော အရိုင်းအစိုင်းကောင်က
ကုတင်ပေါ်မှာ ကျကျနနထိုင်းကာ
သူ့သူငယ်ချင်းနှင့် အရေမရ,အဖပ်မရ
စကားများကို ဖုန်းထဲကနေတစ်ဆင့်
ဖောဖောသီသီပြောနေ၏။
ဖုန်းအသံချဲ့ထားသည်ကြောင့်
ခေတ်ဟောင်းနှင့် တစ်ဖက်က
ခေတ်ဟောင်းသူငယ်ချင်း အယ်မိုင်
ပြောနေသမျှစကားများကို တိမ်ယံ
အထင်းသားကြားနေရသည်။တချို့သောစကားများက တိမ်ယံကို
ထိကပါးရိကပါး ပြောနေသလိုဖြစ်နေသည်မို့။
ရေစိုနေသော လက်တစ်စုံကို တိမ်ယံ
ခပ်မြန်မြန်သုတ်ပြီး အိပ်ခန်းအပြင်သို့
ထွက်သွားရန် ပြင်သည်။ ဒါပေမဲ့ တိမ်ယံ
အိပ်ခန်းအပြင်ဘက်သို့ မထွက်သွားခဲ့ရ။
အယ်မိုင်ကို ပြောပြနေသော
ခေတ်ဟောင်း စကားများကြောင့်
တိမ်ယံ၏ သည်းခံနိုင်စွမ်းများဟာ
ကုန်ရှုံးသွားခဲ့လေပြီ။တိမ်ယံ ဒေါသတကြီးဖြင့် ခေတ်ဟောင်း
လက်ထဲက ဖုန်းကို လုယူပြီး
အယ်မိုင် ဖုန်းကို အလျင်အမြန်ချလိုက်သည်။တီး!!
တိမ်ယံ စိတ်ပေါက်ပေါက်နဲ့ ခေတ်ဟောင်း
ဖုန်းကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်သည်။
အရှေ့က ကရှူးကမူး ဖြစ်နေသူကို ခေတ်ဟောင်း
မျက်လုံးလှန့်မော့ကြည့်လာသည်။"အဲ့တာ ဘာလုပ်လိုက်တာလဲ"
"ငါ့အကြောင်းတွေကို
မင်းသူငယ်ချင်းတွေဆီ
လျှောက်ပြောပြမလို့မလား"
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။