...........................
အိပ်ခန်းထဲတွင် လူသုံးယောက်ရှိပေမယ်လို့
စကားသံတိတ်ဆိတ်နေလေ၏။
အကြောင်းမှာ ဒေါ်နွယ်နီကို
စိတ်ကျန်းမာရေးဆရာဝန်ကြီးမှ
ကျန်းမာရေးစစ်ဆေးမှုများ
ပြုလုပ်ပေးနေ၍ ဖြစ်သည်။
ဒေါ်နွယ်နီ၏ ကျန်းမာရေးကို ဆရာဝန်ကြီးမှ ဂရုတစိုက် စစ်ဆေးပေးနေ၍
ဒေါ်နွယ်နီ စိတ်ကစဉ့်ကလျား မဖြစ်စေလိုရန် ခေတ်ဟောင်း သူ့မာမီ အိပ်ခန်းတံခါးဝ
အနားကနေပဲ မတ်တတ်ရပ်ပြီး
သူ့မာမီ ကျန်းမာရေး တိုးတက်မှုရှိ၊
မရှိကို အကဲခတ်စောင့်ကြည့်နေသည်။"နှလုံးခုန်နှုန်းက အရင်ကထက်စာရင်
တော်တော်လေးတည်ငြိမ်လာတယ်။
သွေးပေါင်ကလည်း ပုံမှန်ပဲ။ ဒါပေမဲ့
အစားအသောက်ကိုတော့ ချင့်ချိန်ပေးပါ။
အသားချည်းပဲမကျွေးနဲ့
အသီးအရွက်တွေကိုပါရောကျွေး""အသီးအရွက်ဆို မမကြီးကို
တော်တော်လေးချော့ကျွေးရတယ် ဆရာ။
မမကြီးက အသီးအရွက်တွေဆို
ထိတောင်မထိဘူး။ အသားငါးပဲစားတယ်။
အသားတောင် ဝက်သားမှစားတာ""ဘာဝက်သားလဲ ဝက်ပေါင်ပါနော်။
ဝက်ပေါင် ဝက်ပေါင် ဝက်ပေါင်......"ဝက်ပေါင်ဆို၍ သီချင်းလုပ်ဆိုနေသော
ဒေါ်နွယ်နီကို ကြည့်ကာ အိပ်ခန်းထဲက
ဆရာဝန်းကြီးနှင့် ကြီးချိုအပါအဝင်
အိပ်ခန်းအပြင်က ခေတ်ဟောင်းပါ
သဘောတကျ ပြုံးနေမိကြသည်။
စိတ်တ္တဇဖြစ်နေသော မာမီက တစ်ခါတလေ
ကလေးတစ်ယောက်လို အပြစ်ကင်းစင်သည်။
မာမီက သားဇော ယောကျ်ားဇောကြောင့်
စိတ်ဖောက်ပြန်သွားရတာ။ တကယ်ဆို
မာမီရဲ့နဂိုစိတ်ရင်းက သိပ်မိန်းမသားဆန်ပြီး
နူးညံ့သိမ်မွေ့သည်။
သည်းခံပါရမီအားကောင်းတဲ့
မာမီက အခုအချိန်ထိ ကံကြမ္မာရဲ့
စေလိုရာအတိုင်း နေနေရသည်။"baby!အွတ်!!"
ဒေါ်နွယ်နီ အခန်းတံခါးဝအနားမှာ
ခိုးကြောင်ခိုးဝှက် ရပ်နေသော ခေတ်ဟောင်း
ပခုံးကို အန်နီ အသာလေးပုတ်ပြီး
စူးရှသည့်အသံနှင့် ခေတ်ဟောင်းကို
စနောက်ခေါ်လိုက်မိသည်။ သူ့ပါးစပ်ကို
ခေတ်ဟောင်း လက်ဖဝါးနဲ့ အလျင်အမြန်
အုပ်လိုက်ပြီး အသံမကျယ်စေဖို့
နှုတ်ဟန်ပြသည်။
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။