..........................."မိတုတ် နင့်ကိုကိုကြီး ပစ္စည်းတွေကို
သေချာဂရုတစိုက်ထည့်ပေးလိုက်နော်။
တော်ကြာ အရေးကြီးတာတွေ ကျန်နေဦးမယ်""ဟုတ်ကဲ့ မိတုတ်သိပါတယ်"
"အင်း ပြောလိုက်ရင် သိတယ်ဆိုတာချည်းပဲ။
နောက် လုပ်လိုက်ရင်တလွဲ""ဟွန်း ကြီးကြီးကလဲ"
မိတုတ် အဆူခံလိုက်ရ၍ ထုံးစံအတိုင်း
နှုတ်ခမ်းလေးထော်သွားသည်။
မျက်နှာဆူပုပ်သွားသူကို ဒေါ်နန်သင်းဇာ
အကြည့်လွှဲပြီး စရင်းစာရွက်များနှင့်
ဖိုင်တွဲများအား သိမ်းဆည်းနေသော
တိမ်ယံဆီကို လျှောက်လာခဲ့သည်။
အလုပ်ရှုပ်နေသော တိမ်ယံမှာ
မင်္ဂလာပွဲစကတည်းက
မျက်နှာမကောင်းနေခဲ့တာ
မင်္ဂလာဆောင်ပြီးသည်အထိ။"သားကြီး ပစ္စည်းတွေကို
သေချာစစ်သွားဦး ကျန်နေဦးမယ်"ပခုံးအားကိုင်ကာ သတိပေးလာသော
ဒေါ်နန်သင်းဇာကို တိမ်ယံ ခေါင်းသာ
ညိတ်ပြလိုက်သည်။ ဖိုင်တွဲများနှင့်
စာရင်းစာရွက်များကို
အနက်ရောင်လက်ဆွဲအိတ်ထဲသို့ အလောတကြီး
ထည့်သွင်းသိမ်းဆည်းနေသော
သူ့လက်တစ်စုံသာ အလုပ်လုပ်နေ၏
စိတ်နှင့်ကိုယ်က ကပ်မနေ။တစ်ချက်တစ်ချက် တစ်နေရာရာကို
ငေးငေးသွားတက်သည့် သူ့ကို
ဒေါ်နန်သင်းဇာ အကဲခတ်ကြည့်နေသည်။
ဒါကို တိမ်ယံ သတိမထားမိဘဲ
လက်ဆွဲအိတ်ဇစ် ပိတ်နေရင်းတန်းလန်းနှင့်
အဖြူရောင်နံရံဆီ ဒီအတိုင်း
ငေကြည့်မိသွားပြန်သည်။ရင်တထိတ်ထိတ်ဖြင့်
စိုးရိမ်ပူပန်မှုများစွာပေးခဲ့သော မင်္ဂလာပွဲသည်
အသိမိတ်ဆွေအနည်းငယ်လောက်နဲ့သာ
ပုံမှန်အတိုင်း ပြီးငြိမ်းသွားခဲ့သည်။
ဒါပေမဲ့ မင်္ဂလာပွဲဆီကိုတော့
ရင်နှစ်သည်းချာ ချစ်ရပါသော
ညီမလေး မိုးတိမ်တိုက်
မတက်ရောက်လာခဲ့ပေ။ ဒါအပြင်
အကိုလို၊ မိတ်ဆွေ၊ စီးပွားဖက်လို ရင်းနှီးသည့်
ကိုရှိန်ထက်လည်း မတက်ရောက်လာခဲ့။အချစ်မပါတဲ့မင်္ဂလာပွဲက တကယ်ကို
မပြည့်မစုံနဲ့ ပြီးမြောက်ခဲ့ရတာ။
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။