ep 10 (Unicode)

20.9K 781 80
                                    


..................................

မင်္ဂလာဆောင်မည့်ရက်က မနက်ဖြန်ပါတဲ့။
အရိုင်းအစိုင်းကောင်က ကိုယ့်ကို ဘာတစ်ခုမှ
မတိုင်ပင်ဘဲ သူလုပ်ချင်သလို လုပ်နေတော့တာ။
အခုလည်း သူ့အတွင်းရေးမှုနဲ့
မင်္ဂလာဆောင်ဖိတ်စာတွေ ပို့ခဲ့ပြန်တယ်။
ကိုယ့်ကို ဘာပြင်ဆင်ချိန်မှမရဘဲ
စိတ်ကသိကအောက်ဖြစ်အောင်
အဲ့ကောင် တမင်တကာလုပ်နေတာ။

သူပေးထားခဲ့တဲ့ ကတိတစ်ခုကြောင့်
သူစီစဥ်သမျှတွေအပေါ် အထွတ်မတက်ချင်။ မနက်ဖြန် သူနဲ့ မင်္ဂလာမဆောင်ဖြစ်လည်း
နောင်တစ်ချိန်မှာ မင်္ဂလာဆောင်ရမှာပဲ။
အဲ့တော့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီ  
ဘာအပိုစကားမှ ပြောမနေတော့ဘဲ 
အလိုက်ထိုက်လေးသာ နေနေလိုက်သည်။

ဒါပေမဲ့ စိတ်ပူမိတာ တစ်ခုရှိသည်။
အဲ့ဒါ ညီမလေး မိုးတိမ်တိုက်ပဲ။
တိမ်တိုက်ကို မင်္ဂလာပွဲနဲ့ပတ်သက်ပြီ
ဘာတစ်ခုမှ မပြောဖြစ်သေး။
မေလေးနဲ့ တိမ်တိုက် အတူတူနေနေတော့
စကားပြောချိန်မရ ဖြစ်နေသည်။
ကိုရှိန်ဆီ မျက်နှာပူပူနဲ့
ဖိတ်စာသွားကမ်းတဲ့အခါကျမှ တိမ်တိုက်ကိုပါ
တစ်ခါတည်း ရှင်းပြခန်းဝင်ခဲ့ရမည်။

ကိုယ့်မင်္ဂလာပွဲကိုသာ တိမ်တိုက်သိရင်
သေချာပေါက် ကိုယ့်ကို စိတ်ဆိုးမှာ။
ခေတ်ဟောင်းကိုလည်း တိမ်တိုက်
အမြင်ကြည်မှာမဟုတ်ဘူး။ ကိုရှိန်လည်း
ကိုယ့်ကို မုန်းသွားမလားပဲ။
ကိုရှိန်ဆီကို သွားဖို့တောင် ရွံ့နေမိသည်။

ကြီးမေကတော့ ခေတ်ဟောင်း
အပြောအဆိုကို သဘောမကျယုံကလွဲရင်
ကျန်တာဘာမှ အပြစ်မဆိုလာသေး။
အစကတည်းက ကိုယ့်ကို အိမ်ထောင်ကျ
စေချင်နေသူမို့ ကိုယ်မင်္ဂလာဆောင်မှာကို
ကြီးမေ အလွန်ပျော်နေသည်။ အခုလည်း
မင်္ဂလာဝတ်စုံ၊ ဖိနပ်နှင့် မိတ်ကပ် အစရှိတဲ့
အသေးအမွှားကိစ္စလေးကအစ ကြီးမေကပဲ
စိတ်အားတက်သန်းစွာ စီမံပေးနေတာ။

အချစ်မပါတဲ့မင်္ဂပွဲက
အရာအားလုံးပြည့်စုံနေလည်း
ကိုယ့်ရင်ထဲမှာတော့ လုံးဝအနှစ်မရှိနေ။

"သားကြီး ဖိတ်စာတွေက အရမ်းလှတယ်နော်။
ကြည့်ပါဦး ဖိတ်စာပေါ်မှာလည်း
ဖိတ်ကြားထားသူနာမည်ကို ရွှေအစစ်နဲ့
ရေးထိုးထားသေးတယ်။.......အင်းးး
သားကြီးရဲ့ ခင်ပွန်းလောင်းလေးက
တော်တော်ချမ်းသာတာပဲ"

I Hate You Where stories live. Discover now