ep 17 (Unicode)

5.4K 137 10
                                    


...............................

သတိမမေ့ခင်အထိ ခေတ်ဟောင်း၏ 
အနိုင်ကျင့်စော်ကားခြင်းကို အလူးအလိမ့်
ခံခဲ့ရသည်။ ထိုအချိန်တုန်းက သူ့အားကြီးနဲ့ လည်ပင်းကို တင်းကျပ်စွာ ဖျစ်ညှစ်ထား၍
မျက်လုံးပြူးမျက်စံပြူးဖြင့်
အသက်လှရှူခဲ့ရသည်။
တစ်ခုခုဆို သွေးအရမ်းဆူတက်တဲ့
အရိုင်းအစိုင်းကောင်ရဲ့
အနမ်းကြမ်းကြမ်းအောက်မှာ
ကူရာမဲ့ဖြစ်ခဲ့ရသည့်အကြိမ်တွေဟာ
မနည်းတော့ပေ။ သူ့ရင်ထဲမှာ ကိုယ့်အတွက်
အမုန်းဆိုတဲ့အရာကိုသာ ပေးဖို့ရှိတယ်နဲ့တူပါရဲ့။
ကိုယ့်ကိုဆို အမြဲတမ်းလိုလို လက်ရုံးအားကိုးနဲ့
အနိုင်ကျင့်သည်။

သူ့ကြောင့် မေ့လဲသွားခဲ့တဲ့ကိုယ့်ကို
ဆေးခန်းထဲထိတော့ လိုက်ပို့ပေးရှာသည်။
သတိပြန်လည်လာချိန်မှာ
မီးထိန်းထိန်းလင်းနေသော
အခန်းကျယ်ကြီးထဲမှာ
ကိုယ့်တစ်ယောက်တည်း
ရှိနေတာမြင်ရတော့ အနည်းငယ်မျှ
ဝမ်းနည်းမိသည်။ ကိုယ်ဆိုတာ
သူ့အတွက် အရေးမပါ၊ တန်းဖိုးမရှိတဲ့
သက်မဲ့လူသားတစ်ယောက်လိုပါပဲ။
သူ့ဆီက မမျှော်မှန်းသင့်တဲ့ ဂရုစိုက်မှုတွေကို
အနေနီးလာတာနဲ့အမျှ လိုချင်မိလာသည်။
ဘာကြောင့် အဲ့လိုရူးမိုက်တဲ့အတွေးမျိုး
ဝင်လာရတာလဲဆိုတာ
ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်တော့ပေ။
အချိန်တန်ရင် တစ်ယောက်တစ်လမ်းစီ
လမ်းခွဲရမဲ့ အိမ်ထောက်ရေးမျိုးကို
သံယောဇဉ်နှောင်းကြိုနဲ့ မရစ်ပတ်ထားချင်။
ဒေါ်နွယ်နီ ပုံမှန်ပြန်မဖြစ်မချင်း သံမဏိစိတ်နဲ့
အရိုင်းအစိုင်းကောင်အနားမှာ ဆက်နေရဦးမည်။

"ဒေါက်တာလည်း အခုထိပြန်မလာသေးဘူး။
အိမ်ကိုပြန်ပြီး အနားယူချင်နေပြီ"

ပတမဦးဆုံး ခန္ဓာကိုယ်အနှံ့ကို
စစ်ဆေးမှုများ ပြုလုပ်ပေးပြီးနောက်
အားနည်းသည့်ရောဂါအပြင် တခြားရောဂါများ
ရှိ,မရှိသိရအောင် သွေးစစ်မည်ဆို၍
ဒေါက်တာ သွေးဖောက်သွားသည်။
2နာရီဝန်ကျင်လောက်ကြာတော့
ကပျာကယာဖြင့် အခန်းထဲပြန်ဝင်လာပြီး
ဆီး ထပ်စစ်ရမယ်ဟု ဆိုကာ ဆီး
ယူသွားပြန်သည်။
သွေးစစ်ထားတဲ့resultကိုပင်
မသိရသေးခင်မှာပဲ နောက်ထပ်
ဆီးစစ်ထားတဲ့resultကိုပါ
ထပ်စောင့်နေရသည်။
ဟိုအရိုင်းအစိုင်းကောင် ကိုယ့်ကို
ခေါ်ခဲ့တာ ဒေါက်တာနန္ဒာ
ဆေးခန်းဖြစ်နေလို့ တော်သေးသည်။
တခြားဆေးခန်းသာဆို ဒီနေ့
အိမ်ပြန်ရတော့မှာတောင် မဟုတ်တော့။

I Hate You Where stories live. Discover now