...............................
တီးတီးတီးးး
အချိန်အားဖြင့် မနက်9နာရီရှိပြီးဖြစ်၍
တိုင်ကပ်နာရီမှ အချိန်မှန်မှန်
အသံမြည်နေ၏။ မှန်ပြတင်းပေါက်မှတစ်ဆင့်
ထိုးဖောက်ဝင်ရောက်လာသော
နေအလင်းရောင်စူးစူးဟာ ကုတင်ပေါ်က ကိုယ်လုံးတီးအိပ်စက်နေသူ၏
မျက်နှာတည့်တည့်ဆီသို့ ကျရောက်လာသည်။
စူးရှလွန်းတဲ့ နေအလင်းရောင်ကြောင့်
အိမ်စက်နေသူ၏ မျက်နှာလေးမှာ
တစ်ချက်တစ်ချက် တွန့်ချိုးသွားတက်သည်။"အင့် ဟင့်"
မို့အစ်နေသော မျက်လုံးနှစ်ဖက်ကို
လက်နှစ်ဖက်နှင့် ကြမ်းတမ်းစွာ ပွတ်သပ်ပြီး
မျက်လုံးနှစ်ဖက်ကို အသာဖွင့်လာသည်။
မျက်လုံးတစ်ဖက်ကို အရင်ဖွင့်ပြီးမှ
ကျန်မျက်လုံးတစ်ဖက်ကို ဖြည်းဖြည်းချင်း
ဖွင့်ကြည့်သည်။ မျက်လုံးနှစ်ဖက်လုံး
ပွင့်သွားသည်နှင့် နေအလင်းရောင်စူးစူးက
မျက်လုံးရှေ့တည့်တည့်သို့ စူးခနဲ
ဝင်ရောင်လာတော့သည်။"အစ်!"
မျက်နှာပေါ်ကျရောက်နေသော
နေအလင်းရောင်ကို လက်ဖဝါးတစ်ဖက်နှင့်
ကားထားလိုက်ပြီး ဘေးဘီသို့
လှည့်ကြည့်ကြည့်မိသည်။အရှေ့က အဖြူရောင်နံရံပေါ်တွင်
ဓာတ်ပုံတချို့ စီစီရီရီ ချိတ်ဆွဲထားသည်ကို
တွေ့ရသည်။ ဒါပေမဲ့ ဓာတ်ပုံတွေကို
မှုန်ဝါးဝါးသာ မြင်ရ၏။ မှုန်ဝါးနေဆဲ
မျက်လုံးနှစ်ဖက်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း
ပွတ်သပ်လိုက်ပြီး အရှေ့ကနံရံကို
ထပ်မံကြည့်ကြည့်မိသည်။"ဟမ်း ဒါ ခေတ်ဟောင်း ဓာတ်ပုံတွေလား!!"
ထိတ်လန့်စိတ်နှင့်အတူ ကုတင်ပေါ်ကနေ
ငေါက်ခနဲ ထလိုက်မိသည်။"အ့!! အားလာလာ!! ကျွတ်ကျွတ်!!"
အောက်ပိုင်းမှ နာကျင်မှုက
အသင့်စောင့်ကြိုနေ၍ တိမ်ယံမှာ
ထူပူသွားရသည်။ မျက်လုံးထဲမှာလည်း
ဖြူ နီ ပြာ ရောင်စုံလည်သွားသည်။
အောက်အပေါက်ဝနှင့် အတွင်းသားနံရံကို
စုတ်ဖြဲထားသည့်အတိုင်း ခံစားချက်က
ပြောမပြတက်အောင်ကိုပင် နာကျင်နေသည်။
ရစ်ဝဲလာသော မျက်ရည်စများကို
ထိန်းချုပ်ရင်း နာကျင်မှု
သက်သာစေရန် ခါးအား နှိပ်နယ်လျက်
ကုတင်ပေါ်မှ ဖြေညင်းစွာ
အသာလှမ်းဆင်းလိုက်သည်။
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။