ep 8 (Zawgyi)

5K 50 1
                                    

.....................................

ရှိန်ထက် ကုမ္ပဏီအောင်မြင်လာတာနဲ့အမျှ
ရှိန်ထက်ရဲ့ စိန်ထည်ပြပွဲကြီးဟာလည်း
ပိုမိုစည်ကားလာသည်။
စိန်ထည်ပြပွဲကြီးဆီကို မြန်မာနိုင်ငံက
စီးပွားရေးသမားများသာမက နိုင်ငံတကာက
စီးပွားရေးသမား‌များကပါ
တက်ရောက်လာကြသည်။။
ရှိန်ထက် ပြုလုပ်တဲ့စိန်ထည်ပြပွဲကြီးက
မြန်မာနိုင်ငံက စီးပွားရေးသမားများအတွက်
လုပ်ငန်းအခွင့်အလမ်းများ ဖြစ်ပေါ်လာစေသည်။

စိန်ထည်ပြပွဲကြီးဆီသို့ တက်ရောက်လာကြတဲ့
နိုင်ငံတကာက စီးပွားရေးသမားများသည်
သူတို့သဘောကျတဲ့ မြန်မာနိုင်ငံက
စီးပွားရေးသမားများနဲ့ မဟာမိတ်ဖွဲပြီး
လုပ်ငန်းတွဲလုပ်ဖို့ စာချုပ်,ချုပ်ဆိုလေ့ရှိ၏။
အဲ့လိုအခွင့်ရေးမျိုးကို မြန်မာနိုင်ငံက
စီးပွားရေးသမားများ ရကြရအောင်ပဲ
ရှိန်ထက်မှ တမင်တကာ စိန်ထည်ပြပွဲကြီး
ပြုလုပ်ပေးတာဖြစ်သည်။
ရှိန်ထက်လို ဉာဏ်ရည်ကောင်းတဲ့
စီးပွားရေးသမားကို မုန်းတဲ့သူရယ်လို့
ပြည်တွင်း,ပြည်ပမှာပင် တယောက်မှမရှိပေ။
ရှိန်ထက်က လူတိုင်းနဲ့လိုက်ရောညီထွေစွာ
ပြောဆို ဆက်ဆံတက်တဲ့
စီးပွားရေးသမားတစ်ယောက် ဖြစ်သည်။
ရှိန်ထက်လို တည်ကြည်ခန့်ငြားတဲ့
စီးပွားရေးသမားတစ်ယောက်ကို
လက်ထပ်ချင်သည့် သဌေးသား၊သမီးများမှာ
ဝိုင်းဝိုင်းကိုလည်လို့။ ဒါပေမဲ့ ရှိန်ထက်
အဲ့လူတွေကို လှည့်တောင်မကြည့်ခဲ့ပေ။
သူ့ရင်ထဲမှာ မိုးတိမ်ယံဆိုတဲ့ လူသားလေးက
အရင်ကရော၊ အခုရော နေရာယူထားဆဲ။

စိန်ထည်ပြပွဲကြီးရဲ့ အခမ်းအနား
ခန်းမဆောင်ကြီးထဲတွင်း အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသော စီးပွားရေးသမားများမှာ တစ,တစနဲ့ အားလုံးနီးပါး
ရောက်လာကြပြီဖြစ်သည်။
တချို့စီးပွားရေးသမားများက
သူတို့မိတ်ဆွေတွေနဲ့ အချင်းချင်း
လက်ဆွဲနူတ်ဆက်ကာ စီးပွားရေး
အကြောင်းအရာများနှင့် စိန်ထည်ပြပွဲကြီးနှင့်
ပတ်သက်တဲ့ အကြောင်းအရာများကို
စကားစမြည် ပြောဆိုနေကြသည်။
တချို့ကကျတော့ တယောက်ကိုတယောက် မိတ်ဆွေအသစ်များနဲ့ မိတ်ဆက်ပေးကာ
လုပ်ငန်းနှင့် ပတ်သက်တာတွေကို
ဆွေးနွေးတိုင်ပင်နေကြသည်။
တိမ်ယံ ထိုစီးပွားရေးသမားများနှင့်
စကားလက်စသတ်ပြီး
အဲ့လူအုပ်ကြားထဲကနေ ထွက်လာလိုက်သည်။
တယောက်တည်း လွတ်လွတ်လပ်လပ်နေချင်၍
တခြားလူတွေနဲ့ ခပ်လှမ်းလှမ်းတနေရာဆီသို့
ထွက်လာခဲ့ခြင်းဖြစ်သည်။

I Hate You Where stories live. Discover now