Part-1(Uni)

222 6 0
                                    

အချိန်အားဖြင့်မနက်6နာရီ မဟာစံအိမ်ကြီးတွင် ဤကဲ့သို့ဆူညံသံမကြားရသည်မှာ ဆယ်စုနှစ်တစ်စုစာပင်ကြာသွားလေပီ။ ဤသို့ဆူညံနေသော်လည်း အိမ်ကြီးရှင်သခင်မကြီးတွင်အပြုံးပန်းများဝေဆာလျက်ရှိနေတော့သည်။

မိတုတ်ဤမဟာစံအိမ်ကြီးတွင် အလုပ်လုပ်လာသည်မှာ 4နှစ်ကျော်ပင်ကြာပီဖြစ်သော်လည်း ယခုကဲ့သို့မေမေကြီး ​ပျော်နေသည်ကိုမတွေ့ဖူးပေ။ မေမေကြီးကအမြဲလိုလိုမှိုင်ထွေ​​ေနတတ်သည်။

မိတုတ်အတွေးထဲနစ်မြောနေစဥ် ရုတ်တရက် အိမ်​ေရှ့ဧည့်ခန်းမှ မေမေကြီး၏​ေအာ်သံကြောင့် ကပြာကယာထူးလိုက်ရသည်။

"ဟဲ့ မိတုတ်"

"ရှင် မေမေကြီး"

"အေး ညည်းရှင်နောက်ထား လူအရင်ကြွလာခဲ့မယ်မင်းကြီးမရေ"

"ဟုတ်လာပါပြီမေမေကြီး မေမေကြီးမိတုတ်ကိုခိုင်းစရာရှိလို့လား ၊ မိတုတ်ဘာလုပ်ပေးရမလဲ"

"အေး မယ်မြစျေးကပြန်လာပီလားမိတုတ်"

"ဟုတ် ကြီးမြစျေးကပြန်ရောက်ပါပီ"

"အေးအေး မယ်မြကိုသွားပြောလိုက်ပါအုံးမိတုတ်ရယ် ဒီနေ့ မြေးပြင်သစ်ကပြန်လာမယ်လို့ အဲ့တာမြေးကြိုက်တဲ့ ဟင်းတွေချက်ထားပေးဆိုတာ သွားပြောချည်"

ဟယ် အကိုလေးပြင်သစ်ကပြန်လာတော့မယ်။ကြည့်စမ်းမိတုတ်မေ့နေတာပဲ ဟိုတနေ့ကအကိုထူးသစ်ပြောရဲ့သားနဲ့ ဒါကြောင့်မေမေကြီးကပျော်နေတာကို။

"ဟဲ့!!မိတုတ်ရယ် ငါပြောတာကြားရဲ့လား"

"ဟီးးးးဟုတ်ကြားပါတယ်မေမေကြီးရဲ့ ဒါဆိုမိတုတ်ကြီးမြကိုသွားပြောလိုက်အုံးမယ်နော်"

"နေအုံး မယ်မြကိုအဲ့တာသွားပြောပီးရင် ညည်းက အပေါ်ထပ်က မြေး အခန်းကိုရှင်းထားပေး သူ့ပစ္စည်းတွေကို ယောင်လို့တောင်နေရာမရွေ့စေနဲ့နော် ကြားလားငါပြောတာ"

"ဟုတ်ဟုတ် မေမေကြီး"

မိတုတ်ထွက်သွားသည်နှင့်တပြိုင်နက် ထွေးငယ်ကိုခေါ်ရပြန်သည်။

"ဟဲ့ ထွေးငယ်ရေ"

"ရှင် မေမေကြီး"

"အပေါ်ထပ်က မြေးအခန်းထဲကပန်းအိုးကို ပန်းလဲပီးပီလားထွေးငယ်"

One of youWhere stories live. Discover now