Part-2(Uni)

72 4 0
                                    

ကောင်းကင်ပြာပြာအောက်တွင် ဟိုတစ်ခုဒီတစ်ခုလွင့်မျောနေကြသော ရောင်စုံစွန်လေးများ။

တစ်ဖက်ကောင်းကင်ပြာပြာ၏ဆန့်ကျင်ဘက်တွင်တော့ ဝမ်းစာအတွက် သွားလာလှုပ်ရှားနေကြတဲ့ သာမန်လက်လုပ်လက်စားမိသားစုများနှင့် ရုံးဝန်ထမ်းများ။

မီးပွိုင့်တစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာတဲ့ ပန်းသည် ခလေးများ၏ပန်းရောင်းသံများ။ မိသားစုအတွက် အရွယ်နဲ့မလိုက် ကုန်းရုန်းရှာနေရတဲ့ လူမမယ်ခလေးလေးများ။

ထိုကလေးလေးများကိုကြည့်၍ ညှို့ သက်ပြင်းချမိသည်။ မိဘအရိပ်မှာ အေးချမ်းစွာနာခိုရမယ့် ဒီကလေးလေးတွေက နေပူထဲမှာ ချွေးတလုံးလုံးဖြင့် ။ပညာသင်ရမယ့်ဒီအရွယ်မှာ တချို့ဆိုဖိနပ်တောင်မပါပဲ ပန်းရောင်းရရန်အရေး ပူပြင်းနေတဲ့လမ်းမထက်ရှိ ကားများဆီသို့ အကိုပန်းလေးဝယ်အုံးမလား အန်တီပန်းလေးဝယ်အုံးမလားဟု တစ်ကားပြီးတစ်ကား မမောမပန်းလိုက်မေးနေကြသည်။

ထိုကလေးလေးတွေရဲ့အဖြစ်ကိုတွေးမိတော့ မိဘအရိပ်မှာ ဆယ်နှစ်ကျော်လောက်ထိ မတောင့်တမကြောင့်မကျဘဲ နေခဲ့ရတဲ့ ညှို့ က အနည်းဆုံးတော့တော်သေးသည်မဟုတ်လား။

"ဒေါက်.....ဒေါက်"

ညှို့ အတွေးထဲနစ်မြောနေစဥ် ရုတ်တရက် ကားတံခါးခေါက်သံကြောင့် ကားကိုမှန်ချ၍ ကြည့်လိုက်တော့ ပါးကွက်ဖွေးဖွေးလေးဖြင့် ရှစ်နှစ်ကျော် ကိုးနှစ်အရွယ်ခလေးမလေးတစ်ယောက်။

"ဟို..ကိုကိုပန်းလေးဝယ်အုံးမလားဟင်"

"အွန်း ကိုကိုဝယ်မယ်လေ မီးလေးပန်းတွေကဘလိုရောင်းလဲ"

"ဟို..ခရေကတစ်ကုံးနှစ်ရာပါ ဇွန်ပန်းကငါးရာဖိုးသုံးကုံး စံပယ်ပန်းကလည်းတစ်ကုံးနှစ်ရာပါ ကိုကို"

"ဟုတ်ပီ အာ့ဆို ခရေပန်းတွေ ဇွန်ပန်းတွေပန်းတွေ အကုန်လုံး ဘယ်လောက်ဖိုးရှိသေးလဲ မီးလေး"

"ကိုကိုက အကုန်ယူမို့လားဟင်"

"အင်း ကိုကိုကအကုန်လုံးယူမယ်"

ညှို့ ပြောတော့ခလေးလေးကအံ့သြသွားသည့်ဟန် ပါးစပ်အဟောင်းသားဖြင့်။

One of youWhere stories live. Discover now